chapter-26(ရှအန်းထျန်း & ထန်းဟော်ရှ)

10.1K 1.4K 49
                                    

Warning

Zawgyi

ထန်းဟော်ရှ သူ့သူငယ်ချင်းဖြစ်သည့် လော့ရှန်ဟွာဟာ စာကိုသာ သည်းကြီးမည်းကြီးလုပ်နေတာကြောင့် လော့ရှန်ဟွာ နေ့လည်စာငတ်မှာ စိုးရိမ်တာကြောင့် သူဟာ ဝယ်ကျွေးရန် ကန်တင်းကို ထွက်လာတော့သည်၊ထိုနောက် ဟော်ရှဟာ လော့ရှန်ဟွာအတွက် ပေါင်မုန့်နဲ့နို့အေးဗူးဝယ်ကာ အတန်းဘက်ပြန်ရန်ဦးနေတုန်း ကောင်မလေးတသိုက်ရဲ့တားဆီးမှုကြောင့် သူမွာ စိတ်ညစ်သွားပေမယ့်... ပြုံးပြုံးလေးနဲ့သာ

"ဒီက အတန်းဖော်တို့က ကျွန်တော်နဲ့ဘာပြောစရာရှိလို့လည်းမသိဘူး" လို့ ထန်းဟော်ရှ ယဉ်ကျေးစွာ ခွန်းတုန့်ြါါါါါ်လိုက်သည်၊ကျောင်းသူတွေအပေါ် လူကြီးလူကောင်းဆန်စွာ ဆက်ဆံသင့်သည်မလား၊

"အစ်ကိုဟော်ရှ... ညီမက မုအိမ်တော်ကပါ ဟို...ဟို" မျက်နှာပြင်တစ်ခုလုံး နီရဲကာရှက်သွေးဖြာနေပြီး ကျောင်းအင်္ကျီကို အကြိမ်ကြိမ်တွန့်ချိုးနေပြီး အသံတိုးတိုးလေးနဲ့ပြောနေပေမယ့် ထန်းဟော်ရှကတော့ ရှင်းရှင်းလင်းလင်းကို ကြားရသည်၊ဒါကြောင့် သူဟာ ဒီကျောင်းသူလေးက မုအိမ်တော်က သမီးအငယ်ဆုံးလေး မုဖေးဖေးမှန်း သိလိုက်တော့သည်၊ မုအိမ်တော်က အငယ်ဆုံးသမီးနဲ့ ထန်းအိမ်တော်က အငယ်ဆုံးသားတို့က နှစ်မိသားစုသဘောတူ စေ့စပ်လမ်းကြောင်းကမ်းလှမ်းထားသည်မလား၊ရှင်းရှင်းပြောရရင် မုဖေးဖေးဟာ သူရဲ့သတို့သမီးလောင်းပင်၊ဒီကိစ္စကို သူတောင်မေ့နေပြီ ဒါပေမယ့်လည်း...

"ဖေးဖေးမလားဗျ" လို့ သူကောင်းကင်က ကြယ်များထက်ပင် ပိုမိုတောက်ပသည့်အပြုံးဖြင့် ပြုံးပြကာ မေးလိုက်တော့ မုဖေးဖေးဟာ သူ့ကိုငေးမောကြည့်နေရင်း သူမသူငယ်ချင်းတွေရဲ့ ခါးကို တွန့်ကာသတိပေးလိုက်သည့်အခါမှ သူမလုပ်ရပ်ကြောင့် အရမ်းကိုရှက်သွားပြီး ခေါင်းငုံ့သွားကာ စကားထစ်ထစ်ငေါ့ငေါဖြင့် သူမလက်ထဲက cup cakeဘူးလေးကို ထန်းဟော်ရှမြင်အောင် ရှေ့ပို့လိုက်ရင်း...

"ညီမ အားလပ်ရပ်မှာ cup cakeလုပ်နည်းလေး သင်ထားတာလေ...ဒါ...ဒါကြောင့် ညီမရဲ့ပထမဆုံး... လက်ရာကို.... အစ်ကိုဟော်ရှကို စားချင်စေလို့... ဟို.. အစ်ကိုဟော်ရှ မကြိုက်ရင်လည်း ငြင်းလို့ရပါတယ်! ညီမက အစ်ကိုဟော်ရှ ဘာကြိုက်တတ်မှန်း မသိလို့ပါ" လို့ မျက်လုံးလေးပြူးကာ ပြာယာခတ်နေသည့် ချစ်စရာကောင်းကျောင်းသူမုဖေးဖေးကို ကြည့်ရင်း ထန်းဟော်ရှမျက်လုံးများဟာ လခြမ်းသဏ်ဏ္ဍာန်ကွေးသွားတဲ့အထိ ပြုံးရယ်လာကာ မုဖေးဖေးရဲ့ခေါင်းလေးကို ဖွဖွလေးပုတ်ပေးပြီး သူမလက်ထဲက မုန့်ဘူးလေးကို ယူကာ

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား(Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား)Where stories live. Discover now