Part 3

2K 101 12
                                    

ရှောင် daddy ရဲ့ ဂျစ်ဆိုးလေး

နေရောင်ခြည် အစပျိုးလာတဲ့
နံနက်ခင်းတခုမှာ
ပေကျင်းမြို့ရဲ့ လမ်းများပေါ်တွင်
လူသူတွေ သွားလာ လှုပ်ရှားနေကြလေတယ်
ဒီလို သာယာလှတဲ့ October လရဲ့ နံနက်ခင်း
အချိန်မှာ  အိမ်တော် တခုတွင်တော့ ....

Wang အိမ်တော် 🏯

ကျိုးချန် -“ ဝမ်လေးရေ မင်းမထသေးဘူးလား နောက်ကျနေပီနော် ”

ထိုသို့ အော်ပီး တံခါးဖွင့်ဝင်လာတဲ့ ကျိုးချန်ရယ်ပါ
-“ ဟာ ကောကလည်း အိပ်ကောင်းရင် လုပ်ပီ ဗျာ 🤢”
“ ဟ ..ကျောင်းသွားဖို့ နောက်ကျနေပီကွ  ကောကဝမ်လေးကို ‌လိုက်ပို့ဖို့စောင့်နေတာ”
“ ommm ထပါပီ တကယ်ပဲ ကောင်းကောင်းကို မအိပ်ရဘူး ”

လို့ပြောပီး ဝမ်ရိပေါ်တယောက် ဆူပုတ်ပုတ်နဲ့
ပွစိပွစိ ပြောပီး ရေချိုးခန်းထဲ ဝင်သွားတော့
ကျန်ခဲ့တဲ့ ကျိုးချန်မှာတော့
“အမယ် သူကပဲ ပြောရတယ်ရှိသေးတယ်
ငါကတော့ သူ့စောင့်ရလို့ company သွားဖို့
နောက်ကျတော့မယ် ”
“ ဟူးးးး ညီလေးတယောက်ရှိတာ မလွယ်ပါ့လား ”

ကျိုးချန်တယောက် လူပျိုကြီး ပီပီ တယောက်တည်း ရေရွတ်နေတော့တယ်

ဒီလိုနဲ့ ဝမ်ရိပေါ် တယောက် ရေမြန်မြန်ချိုးပီး
အောက်ဆင်းလာတော့
“ morning ပါးပါး မားမား ”
“ သား ဝမ်လေး လာ လာ မား မနက်စာပြင်ထားတယ် စားလိုက်အုန်း”
“ ဟုတ် မားမား ”
ဒါနဲ့ပဲ မိသားစု စုံစုံလင်လင်နဲ့ မနက်ခင်းလေးဟာ သိပ်ီး လှပ နေပါတယ်

သူတို့တွေ စားသောက်ပီးကြတော့ အလုပ်သွားမယ့် ကျိုးချန်လည်း ညီဖစ်သူကို
ကျောင်းလိုက်ပို့ရသည် ။
ကားပေါ်တွင်လည်း ရိပေါ်က
“ ကော ဒီနေ့လေ အတန်းချိန် သိပ်မရှိဘူးသိလား ကျောင်းရဲ့ အရေးကြီးတဲ့ လူတယောက်လာမှာမို့ ပြင်ဆင်ရမှာတဲ့ ”
“ အာ့ကြောင့် ဒီနေ့ အေးဆေးပဲ ဟိ ”
နှုတ်ခမ်းလေး တထော်ထော်နဲ့ ပြောနေပီး ရယ်ပြနေတဲ့ ညီလေးဟာ သူတို့ အိမ်ရဲ့ ချစ်မဝလေးပါ
“ သူလာတာ မလာတာ အသာထား ဝမ်လေးသာ အတန်းချိန်မှန်အောင် တတ်နော် ”
“ နောက်ဆုံးနှစ်ပဲ ရောက်နေပီ ‌ကလေးလို အပျော်မက်မနေနဲ့ ကြားလား ”
ကျိုးချန်က ထိုသို့ပြောတော့
“ အင်းပါ ကောကလည်း ” လို့ ရယ်ကျဲကျဲ ပြန်ဖြေနေတဲ့ ရိပေါ်ရယ်ပါ
“ အင်းပါ လုပ်မနေနဲ့ ညကလည်း ဆိုင်ကယ် ခိုးစီးတာ ကောသိတယ်နော် ပါးသာသိရင် မလွယ်ဘူး နောက်မလုပ်နဲ့ ကြားလား ”
( အမလေးငါ့ကလေးကို ငေါင့်နေတာ )
“ ဟုတ် ” 😔
ရိပေါ်တယောက် မျက်နှာငယ်လေးနဲ့ ပြန်ဖြေရှာတယ်
စိတ်ထဲ မှာတော့ ဟွန့်  သူမပြောရင် ဘယ်သူမှမသိဘူး မစီးဘဲလည်း မနေနိုင်ပါဘူး
စီးမှာပဲ နောက်ပြဿနာ နောက်ရှင်း ဟွန့်
( အာ့လို အလိမ္မာလေးပါ )

ရှောင် daddy ရဲ့ဂျစ်ဆိုးလေး Waar verhalen tot leven komen. Ontdek het nu