Part 7

1.1K 69 3
                                    

ရှောင် daddy ရဲ့ ဂျစ်ဆိုးလေး

“ ဟုတ်ကဲ့ပါဗျာ ”

ဒီလိုနဲ့ လေလေးချွန်ကာ တည်တန့်တန့်နေတတ်တဲ့ လူပျိုကြီးတယောက် အူမြူးနေကာခနနားပီး ရေချိုးတော့လည်း မ,ဆိုစဖူး
သီချင်းလေးညီးရင်း ရေချိုးနေစဉ်

အလုပ်ကိစ္စနဲ့ စကားပြောရန်လာသော
ရှောင်ပါးမှာ ကိုယ့်နားကိုပင် မယုံနိုင်

မယုံဆို ခါတိုင်း ဒီလိုမှမဟုတ်တာကိုး
အမြဲ တည်ငြိမ်နေတတ်တဲ့ သားတော်မောင်
ဆေးစားများ မှားလေသလားလည်း
တွေးမိပြန်လေရဲ့

ဒါနဲ့ပဲ ရှောင်ပါးဖစ်သူမှာ ခေါင်းခါကာ
အခန်းပြင်ပြန်ထွက်လာခဲ့ရလေသည်

ဒီလိုနဲ့ ရှောင်ကျန့်လည်း ရေချိုးပီး
အောက်ဆင်းလာခဲ့လေတော့
ထမင်းဝိုင်းတွင် လူတောင်စုံနေပီလေ

“ သား လာထိုင် ဒီမှာ သားအကြိုက် ဟင်းတွေချည်းပဲချက်ထားတာ များများစားနော် သား”

“ ဟုတ်မား စားမှာ သားလည်း မားလက်ရာကိုလွမ်းနေတာ ဟီး ”

ပြောကာ ယုန်သွားများပေါ်အောင် ရယ်ပြနေသော ရှောင်ကျန့်ရယ်

အနေတည်လွန်းသော သားမှာ မိဘများနဲ့
တွေ့လျှင် ကလေးတယောက်သဖွယ်

“ စားပါရှင် ပြင်သစ်က မနက်ကမှ ပြန်ရောက်တာကို အလုပ်တန်းလုပ်နေတဲ့ မားသားကို
ခုမှပဲ အေးဆေးတွေ့ရတော့တယ် ”

“ မားကလည်း သားက အပြီး ပြန်လာတာပဲ
အချိန်ပြည့်တွေ့လို့ရပါပီ ”

“ အေးပါကွယ် ကဲစားစား ”

ဒီလိုနဲ့ စားသောက်ပီး ဧည့်ခန်းမှာ
သားမိသားဖ သုံးယောက် ထိုင်ကာ
Tv ကြည့်နေရင်

ပါးကအရင် စကားစလာသည်

“ သားဒီနေ့ ကျောင်းသွားတာ အဆင်ပြေရဲ့လား အခြေအနေရော ဘယ်လိုရှိလည်း ”

“ ဟုတ် ပြေပါတယ် အခြေအနေလည်းကောင်းပါတယ် ”

“ အင်း ကျိုးချန်ဆီရော သွားဖစ်သေးတယ်မ
လား ”

လို့ ရှောင်ပါးက ထပ်မေးတော့ ရှောင်ကျန့်တယောက် ပြန်မဖြေအား မျက်လုံးထဲ မြင်လာတဲ့ ဖြူဥပီး ဆူပုတ်ပုတ် မျက်နှာလေးကို
တွေးမိတော့ ပြုံစိစိ
( ကျမကို မြင်နေတာလားဟင် )🙄

ရှောင် daddy ရဲ့ဂျစ်ဆိုးလေး Where stories live. Discover now