Part 6

1.1K 70 5
                                    

ရှောင် daddy ရဲ့ဂျစ်ဆိုးလေး

ရိပေါ်တယောက် ထိုင်နေတဲ့လူကို တွေ့ပီး
လန့်ဖြန့်ကာ မျက်လုံးပင်ပြူးရသည်

‌“ အေး ဟုတယ် မအားဘူး ဒါပေမယ့် ကောသူငယ်ချင်းက ရုတ်တရက်နိုင်ငံခြားက ပြန်လာလို့ အလုပ်ဖျက်လိုက်တာ ”

ဟု ‌ကျိုးချန်က ပြောလိုက်တော့လည်း
ဝမ်ရိပေါ် တယောက် အတွေးကမ္ဘာထဲမှာသာ ရှိနေသေးသည်
မီးဖိုခန်းမှ ထွက်လာသောဝမ်မားကလည်း

“ ဟော ဝမ်လေးတောင် ပြန်ရောက်လာပီပဲ ”
ဟု
ဝမ်မားကပြောတော့လည်း ရိပေါ်တယောက် မကြားနိုင်စွာ အတွေးနဲ့ချဲ့ နေတုန်းရှိသေး
( ဟဲ့ ဟိုမှာ အဖတ်လုပ်ပါအုန်း )

စိတ်ထဲတွင်လည်း ဒီလူကြီးက ကောသူငယ်ချင်းတဲ့လား ဟုအံ့ဩမင်သက်စွာ

“ ဝမ်လေး ! ဘာတွေ တွေးနေလို့ မားပြောနေတာကို မကြားတာလည်း ”

ဟု ကျိုးချန် အော်လိုက်တော့မှ ဝမ်ရိပေါ်တို့
လက်ရှိ ကမ္ဘာသိုပြန်ရောက်လာချေပီ

ထို့နောက်ရိပေါ်လည်း သွားများပေါ်အောင်ထိ ရယ်ပြလိုက်ကာ

“ ဟီး 😁 ဟုတ် မား ပြန်ရောက်ပီ အာ့ဆို သားသွားနားတော့မယ် ညကျ ဟောက်ရွမ်တို့နဲ့
ချိန်းထားသေးလို့ ”

ဟုပြောပီး အိမ်ပေါ်သို့ ကစုန်ပေါက် ပြေးတတ်သွားလေတော့

“ ဟဲ့ နေအုန်းလေ အော် ဒီကောင်လေးနဲ့ ဒီမှာ ဧည့်သည်နဲ့ မိတ်ဆက်ပေးမလို့ပါဆို ”

လို့သာ အော်ဟစ်၍ ကျန်နေခဲ့သည်
( ရှက်သွားတာဖစ်မယ် )

“ Sorry ရှောင်ကျန့်ရေ ငါ့ညီက အာ့တိုင်းပဲကွာ တအိမ်လုံးက အလိုလိုက်ထားတော့ မင်းမြင်တဲ့ ပဲဟေ့ ဆိုးနေတာသာ ကြည့်လိုက်တော့ ”

“ ရပါတယ်ကွာ လူငယ်တွေကတော့ သူတို့ဖစ်ချင်တာပဲသိကြတာ ”

ဟု ပြောကာ ပြေးတတ်သွားတဲ့ ကျောပြင်
လေးကို ငေးကြည့်လျက်ပြုံးနေမိသည်
ရင်ထဲမှာလည်း အမည်မသိ
အအေးလှိုင်းလေးက ရိပ်ခနဲ့ ဖြတ်ပြေးလို့ရယ်

စိတ်ထဲမှာလည်း ချစ်ဖို့ကောင်းလိုက်တာကွာ ဖြူဥ ပီး မထိရက်စရာလေးဘယ်လိုလေးမှန်းကိုမသိဘူး အူယားလိုက်တာ လို့လည်း တွေးနေပါသေးသည်
( ဟင်း ဟင်း ကိုရှည်ကြီးနော် )😏

ရှောင် daddy ရဲ့ဂျစ်ဆိုးလေး Where stories live. Discover now