part 13

823 61 7
                                    

Uni

ရှောင်း Daddy ရဲ့ ဂျစ်ဆိုးလေး

“ ဟမ်မရှိပါဘူး ”

“ အော် ”

“ ဟမ် မဟုဘူးလေ ရှိတယ် ပြောစရာရှိတယ် ရှိလို့ ချိန်းတာပေါ့လို့ ”

နှုတ်ခမ်းစူကာ သူစကားပြောမှားတာကို ပြန်ပြောနေပုံလေးကိုကြည့်ရင်း အသည်းထဲ ကလိကလိ ဖစ်ရတာက ဒီက ကောင်ကြီး
ဒါကို သူလေးမသိလေရော့

“ အင်း ပြောလေ ကိုယ်နားထောင်နေပါတယ် ”

“ ဒီလိုပါ ရှောင်းကျန့်နဲ့ ကျနော့ကို ......”

“ ဟေ့ ဟေ့ နေအုန်း တွေ့တည်းက ရှောင်းကျန့်ပဲ ခေါ်နေတာ ငါမင်းထက် ခြောက်နှစ်ကြီးတယ်နော် နည်းနည်း အားနာပါကွ ”

“ ဒါဆို ဘယ်လို ခေါ်ရမှာလည်း
တကယ်ပဲ ရှည်ကိုရှည်တယ် ”

နောက်ဆုံးစကားကိုတော့ တိုးတိုးလေးပဲ ပြောလိုက်တယ် တော်ကြာကြားသွားလို့ ကိုယ်လိုချင်တာ သဘောမတူရင် ဒုက္ခ

“ မင်း ဘာပြောတာ ”

“ မပြောပါဘူး ဘယ်လို ခေါ်ရမှာလည်းလို့ ”

“ အဟမ်း ကိုကို ”

“ ဘာ !!!!! ”

ဝမ်ရိပေါ်ရဲ့ အသံဟာ နည်းနည်းကျယ်ကျယ်ထွက်လာတော့ ဘေးဝိုင်းတွေကပါ လှည့်ကြည့်လာကြတယ်

“ ကျန့်ကော ကျန့်ကောလောက်ဆို ရလား ”

“ အင်းပါ အဆင်ပြေပါတယ် ”

“ ရှောင်း းးး ”

ပြောမလို့ အစမှာတင် မျက်လုံးကိုမှေးစင်းပီးကြည့်လိုက်တဲ့ လူကြီးကြောင့် ပါးစပ်ကို အမြန် ဘရိတ်အုတ်လို့ ပြန်ပြောင်းခေါ်ရတယ်

“ အဟမ်း ဒီလိုပါ ကျန့်ကော ”

သူ့အခေါ်ကြားမှ ငြိမ်ပီးအာရုံစိုက်နားထောင်နေတဲ့ လူကြီး ယူပီးမှ ဒင်းနဲ့တွေ့ပါအုန်းမယ် ကိုယ့်အောက်မှာ ငိုခိုင်းပစ်မယ် ဟွန့်

( အမလေး ☺️ )

“ ကျနော်နဲ့ ကျန့်ကော ကို မိဘတွေက စီစဉ်ပေးတာ ဆိုတော့ ဘယ်လိုဖစ်ဖစ် လက်ခံရမှာပဲလေ ”

“ ရှောင်းးး အဟမ်း ကျန့်ကောလည်း လက်ခံထားတယ်လို့ ပါးတို့က ပြောတယ် ”

ရှောင် daddy ရဲ့ဂျစ်ဆိုးလေး Where stories live. Discover now