CHAPTER 41 - Love Hotel

9.9K 1.6K 77
                                    

Unicode

စုန့်ရီအတော်လေးအံ့အားသင့်သွားတယ်။ ကုရှင်ချွမ်းကတကယ်ကြီးသူ့ကိုရှာချင်ခဲ့တာပေါ့။ ဘယ်လိုအချစ်ပြိုင်ဘက်မျိုးက ဒီလိုစာရင်းရှင်းဖို့လိုက်ရှာလို့လဲ။ သူရယ်လိုက်ပီး ကုရှင်ချွမ်းရဲ့တောင့်တင်းတဲ့ ရင်ဘတ်ကိုလက်ချောင်းလေးနဲ့ပုတ်လိုက်တယ် "မင်းရဲ့နှလုံးသားကလဲသေးသေးလေးရယ်ပါ"

ကုရှင်ချွမ်းကသူ့လက်ကိုဆွဲလိုက်ပီး လက်ပြန်ရုတ်မသွားစေရန်ဖိထားတယ် "ငါ့ရဲ့နှလုံးသားက​သေးသေးလေးဆို မင်းကကျလုံးဝမရှိတော့တာ"

သူကပြောပီးသွားတော့ စုန့်ရီရဲ့လက်တွေကိုသူ့နှုတ်ခမ်းတွေဆီကိုဆွဲယူလိုက်ပီး လက်ဖျားလေးကိုကိုက်လိုက်တယ်။

သူ့ရဲ့စိုနေတဲ့နှုတ်ခမ်းတွေနဲ့လျှာကချော်ကျိကျိနဲ့။ ပျားထိုးခံလိုက်ရသလိုပဲ တစစ်စစ်ခံစားချက်နဲ့အတူ စုန့်ရီတောင့်တောင့်လေးဖြစ်သွားတယ် "မင်းဒီလိုမျိုးတွေမလုပ်လို့မရဘူးလား?"

ကုရှင်ချွမ်းကသူလက်ကိုလွှတ်ပေးလိုက်ပီး မျက်ခုံးပင့်လိုက်တယ် "တခြားသူတွေတောင်ဒီလိုအခွင့်အရေးမရှိတာကို မင်းကမကြိုက်ဘူးလား?"

စုန့်ရီမျက်မှောင်နည်းနည်းကျုံ့ပီး နှုတ်ခမ်းကိုဖိထားကာ စကားတစ်ခွန်းမှမဟတော့ဘူး။

ကုရှင်ချွမ်းကသူ့ဘောင်းဘီအိတ်ကပ်ထဲကဖုန်းကိုထုတ်လိုက်ပီး မိနစ်အနည်းငယ်လေညက်ဟိုလျှောက်နှိပ်ဒီလျှောက်နှိပ်လုပ်နေတယ်။ အဲ့ဒီနောက်မှာသူကဖုန်းကိုစုန့်ရီမျက်နှာရှေ့မှာ လှုပ်ရမ်းပြတယ် "မင်းကိုကြည့်ရတာအရမ်းသနားစရာကောင်းတယ် မင်းကို​အလည်အပတ်ခေါ်သွားပေးမယ် ဘယ်သွားချင်လဲ?"

စုန့်ရီဖုန်းမျက်နှာပြင်ပေါ်ကအရောင်စုံတဲ့ tourist attraction တွေကြည့်ပီးနည်းနည်းစိတ်ပါဝင်စားလာတယ်။ အခုလတ်တလောအတွင်းမှာ သူမကောင်းတဲ့အရာတွေအများကြီးဖြစ်ခဲ့တယ်။ ပထမဆုံး စုန့်ကျဲရဲ့ကွာရှင်းပျက်ဆဲမှု ပီးတော့သူ့ရဲ့ကိုယ်ဝန် ဒီနေ့ကျတော့...

ဒီလိုအခြေအနေကအပြင်ထွက်ပီး စိတ်လက်ဖြေဖျောက်ရမဲ့အချိန်ပဲ။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now