CHAPTER 42 - He is behaved

9.4K 1.6K 110
                                    

Unicode

ကုရှင်ချွမ်းခနလောက်ပျော်ရွှင်သွားပီး ချက်ချင်းပဲပိုပီးစိတ်မချမ်းမသာ​ဖြစ်သွားတယ်။

သူစုန့်ရီကိုစိတ်ဆိုးစေချင်တယ် စိတ်လဲမဆိုးစေချင်ဘူး။ အဲ့ဒီနှစ်ခုကြားမှာ စိတ်ဆိုးစေချင်တာကပိုများနေတယ်။

စုန့်ရီကသူ့ရဲ့အတွေးနက်နက်တွေကိုနားမလည်ဘဲအရောင်စုံတဲ့ menu ပေါ်မှာပဲအာရုံစိုက်ထားတယ် "Lemon Risotto ရယ် Creamy Mushroom Soup ရယ် မင်းတို့နှစ်ယောက်ရောဘာမှာချင်လဲ?"

သူကလက်လှမ်းပီး menu ကိုကောင်လေးကိုပေးလိုက်တယ်။ ​ကောင်လေးကအမည်းရောင်အငွေ့အသက်တွေဖုံးနေတဲ့ ကုရှင်ချွမ်းကို​သေချာကြည့်ပီး menu ယူဖို့လက်တုန့်နေတယ်။ သူကခြောက်ကပ်ကပ်အပြုံးတစ်ခုနဲ့ပြောလာတယ် "တောင်းပန်ပါတယ် ကျွန်တော်ကချွမ်းကောရဲ့တခြားသူငယ်ချင်းတွေကိုမမြင်ဖူးတော့ ကျွန်တော်ထင်လိုက်တာက..."

"ရပါတယ်" စုန့်ရီကခေါင်းလှည့်ပီး ညင်ညင်သာသာလေးပြုံးကာ ယဥ်ယဥ်ကျေးကျေးလေးပြောလိုက်တယ် "ကိုယ့်ရဲ့မျိုးရိုးနာမည်ကစုန့်ပါ ကိုယ်ကလဲမင်းချွမ်းကောရဲ့အတန်းဖော်တစ်ယောက်ပါပဲ"

ကောင်လေးက'အာ' ဆိုပီးခါမှ ရုတ်တရပ်တစ်ခုခုကိုသတိရသွားတယ်။ သူကစုန့်ရီကိုထူးဆန်းစွာကြည့်လိုက်ပီး ကုရှင်ချွမ်းဘေးနားကိုကိုင်းလိုက်တယ် "သူကချွမ်းကောရဲ့ အချစ်ပြိုင်ဘက်ကြီး သူ့ကိုအရမ်းမုန်းတာမဟုတ်ဘူးလား?"

ဆိုင်ထဲမှာတခြားသူတွေနဲ့ဆူညံနေတယ်ဆိုပေမဲ့လဲ ကောင်လေးအသံကအတော်ကျယ်တာမို့ စုန့်ရီဒီစကားတွေကိုရှင်းရှင်းလင်းလင်းကြားတယ်။ သူကုရှင်ချွမ်းကိုစိတ်ဝင်တစားကြည့်လိုက်တယ်။

ကုရှင်ချွမ်းကကောင်လေးကိုမည်းမှောင်နေတဲ့အကြည့်တစ်ခုနဲ့ကြည့်လိုက်ပီး အံကြိတ်ကာပြောလိုက်တယ် "တင်းချီ မင်းမဟုတ်တတ်ကရတွေတအားပြောတာပဲ စားသောက်နေတဲ့အချိန်မှာတောင်စကားပြောတာရပ်ထားလို့မရဘူးလား?"

တင်းချီကပါးစပ်လေးပိတ်သွားပီး စုန့်ရီဆီကတစ်ခုခုသိချင်တဲ့အလား မကြာခနဆိုသလို စုန့်ရီကိုမေးမြန်းချင်တဲ့အကြည့်လေးနဲ့လှမ်းလှမ်းကြည့်တယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now