CHAPTER 43 - Improper Male-Male relationship

9.5K 1.7K 154
                                    

Unicode

သူနိုးလာတဲ့အချိန်မှာ ကောင်းကင်ကြီးကလဲလင်းထိန်နေပီဖြစ်တယ်။ စုန့်ရီမျက်လုံးကမပွင့်တပွင့်ဖြစ်နေပီး နွေး​ထွေးတဲ့နေရောင်ခြည်ကပြတင်းပေါက်ကဖြတ်ပီး သူ့ရဲ့ဗလာဖြစ်နေတဲ့လက်မောင်းသားတွေပေါ်ကိုကျနေတယ်။ နွေးထွေးတာမှန်ပေမဲ့ နည်းနည်းတော့အလင်းစူး​တယ်။ သူသတိမထားမိလိုက်ဘဲ ခန္တာကိုယ်ကိုလှည့်မလို့လုပ်လိုက်တော့ သူ့ရဲ့တစ်ခုသောနေရာကိုနာကျင်မှုကချဥ်းနင်းဝင်ရောက်လာတယ်။

"hiss..."

စုန့်ရီမျက်လုံး​တွေကိုပွတ်လိုက်ပီး သူ့ခေါင်းအထက်ကအရောင်တောက်တောက်ဇာပါးကိုကြည့်မိလိုက်တော့ သူအခုအိမ်မှာရှိနေတာမဟုတ်မှန်း သတိရသွားတယ်။

သူနဲ့ကုရှင်ချွမ်းကနောက်တစ်ခါထပ်အိပ်ခဲ့ပြန်ပီ။

ပထမဆုံးနှစ်ကြိမ်တုန်းက စုန့်ရီသတိ​ရှိနေပေမဲ့ အသိအာရုံတွေကသိပ်မသန်မာဘူး။ စုန့်ရီအဲ့တာကိုမှတ်မိတယ်ဆိုရုံပဲမှတ်မိခဲ့တယ်။

ဒီတစ်ကြိမ်မှာတော့ သူ့ဦးနှောက်ရှင်းလင်းနေပီး အရာအားလုံးကိုပြတ်ပြတ်သားသားမှတ်မိနေတယ်။ ကုရှင်ချွမ်းဆိုတဲ့လဒက ​ပါးစပ်ကသာကောင်းကောင်းမွန်မွန်ပြောတာ​ လုပ်တော့လုံးဝသနားညှာတာမှုမရှိဘူး။ သားရိုင်းကောင်လိုပဲ သောက်ရမ်းစွမ်းဆောင်နိုင်လွန်းတယ်။ သူကလူလားမြည်းတစ်ကောင်လား။

စုန့်ရီခေါင်းကိုလှည့်ပီး ရှက်ရွံ့မှုကြောင့်မျက်နှာကိုခေါင်းအုံးထဲထည့်ဖွက်ထားတယ်။စူန့်ရီမထိန်းနိုင်အဲ့ဒီရှက်သွေးဖြာစရာ ရင်ဖိုစရာမြင်ကွင်းတွေကို ပြန်စဥ်းစားမိတယ်။ သူတို့နှစ်ယောက်ကရူးသွပ်စွာနဲ့ အခန်းရဲ့နေရာတိုင်းမှာအကြွင်းအကျန်တွေချန်ထားရစ်ခဲ့တယ်။

အဆုံးသတ်မှာတော့ ကုရှင်ချွမ်းကသူ့ကို​ကလေးတစ်ယောက်လိုပွေ့​ချီသွားပီး bathtub ထဲမှာနေရာယူခဲ့တယ်။ သူစိတ်တွေကဝေဝါးနေပီး သူ့ခေါင်းအထက်ကတောက်ပတဲ့ကြယ်တွေနဲ့ကောင်းကင်ကို သူ့မျက်လုံးတွေဖွင့်ဟပီးကြည့်နေခဲ့တယ်။ ကုရှင်ချွမ်းကတော့သူ့နားနားမှာနှုတ်ခမ်းကပ်ပီး ပြင်းပြင်းထန်ထန်ကြိုးစားရင်း သူ့အတွက်​ကြယ်တွေရေတွက်ပြခဲ့တယ်...

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now