Part (50) ( Way To End )

4.8K 330 9
                                        

Zawgyi

" တိမ်လွှာ နင့်အဆက်ဟောင်းကြီးရဲ့ပွဲကိုမသွားတော့ဘူးလား "

တိမ်လွှာကသတင်းကြည့်နေရင်းနဲ့ စစ်ကိုလှမ်းကြည့်သည်။စစ်က မိုင်လိုကိုထမင်းဘူးထည့်ပေးနေပြီး သူမနေ့ကသိထားသည့်သတင်းကိုပြောပြနေသည်။
ဒီနေ့အဲ့ဒီလူစေ့စပ်မယ်ဆိုတာကို အန်ကယ်ဦးမိုးကောင်းဆီကနေကြားရတယ်။ တိမ်လွှာ သူ့ဘေးနားမှာထိုင်နေတဲ့ကောင်းကင်ပြာကိုလှမ်းကြည့်မိသည်။

" မသွားတော့ဘူး အချစ်သစ်နဲ့ပဲပျော်တော့မယ် ငါတကယ်အဲ့ဒီပွဲကိုသွားရင် Lucasကိုပါးချမိမယ်ထင်တယ် ၊ ငါအရှက်ကွဲတာကိုငါမမေ့ပါဘူး ဒါပေမယ့် သူ့ကိုတော့ငါမေ့လိုက်ပြီ "

တိမ်လွှာက ကောင်းကင်ပြာကိုမှီရင်းပျင်းတိပျင်းရွဲပြောသည်။
ကောင်းကင်ပြာကသက်တော်စောင့်တစ်ယောက်ဖြစ်နေခဲ့ပေမယ့် မေမေတို့သဘောတူထားတဲ့ လူဆိုတာသူမှမသိတာ။
အဲ့ဒီလူကသူ့ကိုညာပြီးချဉ်းကပ်ခဲ့မှန်းသိတော့ တိမ်လွှာတစ်ပတ်လောက်စိတ်ကောက်သည်။
အခုတော့အဆင်ပြေနေကြပါပြီ။ အဆက်ဟောင်းကြီးလည်းပျော်နေလောက်မှာပါ။

" နင်လည်း lucasလိုတော့မလုပ်နဲ့ ငါ့မှာဒီမောင်လေးတစ်ယောက်ပဲရှိတာ "

" sorryပဲ ပြောတာနောက်ကျသွားပြီ မိုင်လိုကငါ့အပိုင် ၊ မိုင်လိုက ကိုယ့်အပိုင်မလား? ကလေးလေး "

ဘာမှနားမလည်တဲ့ကောင်လေးက ပါးအို့နီနီလေးနှစ်ဖက်ကို ပွတ်သပ်ရင်း ခေါင်းငြိမ့်ပြသည်။ လိမ္မာတဲ့ကောင်လေးကို အနမ်းပေးလိုက်ပြီးဧည့်ခန်းထဲကနှစ်ယောက်ကိုကျော်ကာ တစ်ချက်မှလှည့်ကြည့်မသွား။
တိမ်လွှာကတော့ရှော့ရပြီးမပြောနိုင်ဖြစ်သွားတာကို ကောင်းကင်ပြာကပဲနှစ်သိမ့်လိုက်ရသည်။

ခွန်းစစ်မင်းယာက ကားပေါ်ရောက်တာနဲ့ မိုင်လိုကိုခါးပတ်ပတ်ပေးပြီး မှာစရာရှိတာတွေမှာနေ၏။ကလေးကလည်းခေါင်းတငြိမ့်ငြိမ့်။
ကောင်လေးကချစ်စရာကောင်းလွန်းတာကြောင့် ခွန်းစစ်မင်းယာ သိပ်ပြီးစိတ်မချ။ ငယ်ငယ်တည်းကပဲကိုယ့်လက်ပေါ်ကြီးပြင်းလာခဲ့တဲ့အဖိုးတန်လေး။

" ငယ် ချစ်တယ်နော် စကားနားထောင်ပြီးလိမ္မာရင်လိုချင်တာအကုန်ရစေရမယ် "

 " နယုန် " (Completed) Место, где живут истории. Откройте их для себя