Part (8)

6.3K 617 45
                                        

Zawgyi

အခုတလော ကျွန်တော်အရမ်းထူးဆန်းနေတယ်။
အိမ်မက်တွေထဲမှာ ကောင်လေးတစ်ယောက်ရဲ့ ရယ်သံကိုအမြဲတမ်းလိုလိုကြားနေရပြီး အဲ့ဒီကောင်လေးရဲ့မျက်နှာလေးက တစ်စုံတစ်ယောက်နဲ့တူနေသလိုပဲ။
ပြီးတော့ မင်းမိုးသားဆိုတဲ့ကောင်လေး.....ဘယ်လိုလေးမှန်းကိုမသိဘူး။
ဆံပင်အုပ်အုပ်လေးတွေနဲ့ မျက်လုံးရွှဲကြီးတွေက လူကိုမရိုးမရွဖြစ်စေပြီး.....
ရယ်လိုက်ရင်အသဲပုံစံဖြစ်သွားတဲ့ နှုတ်ခမ်းလုံးလုံးလေးတွေနဲ့ သွားတတ်ချွန်ချွန်လေးတွေကို ထိတွေ့ချင်လိုက်တာ။

တိမ်လွှာ့ကိုတောင် စိတ်နဲ့မပြစ်မှားဖူးတဲ့ ကျွန်တော်က ကောင်လေးသေးသေးလေးကို သာမန်မဟုတ်တဲ့အတွေးတွေထဲ ဆွဲခေါ်နေမိတယ်။
အဟား.....ဇေယျာနိုင်မင်းကြောင့် ဒဏ်ရာရသွားတဲ့လက်လေးတွေကိုကြည့်ပြီး ဒေါသရိပ်တွေတငွေ့ငွေ့ထလာတာကရော ဘာကြောင့်များလဲ။
ပြီးတော့ မျက်ရည်ဥကြီးတွေကို သူ့လက်ခုံလေးတွေနဲ့ ပွတ်သုတ်နေတာလေးက တော်တော်လေးကိုချစ်ဖို့ကောင်းတာ။
ကျွန်တော် ကလေးလေးကို မရိုးသားတဲ့စိတ်တွေဝင်မိနေပြီလား။

" ကျစ်! "

" နယုန် ဘာတွေဖြစ်နေတာလဲ...ဒီနေ့ မောင်မယ်သစ်လွင်အခမ်းအနားရှိတယ်မလား "

ကိုယ်လုံးပေါ်မှန်ထဲတွင် မြင်နေရတဲ့ ကြွက်သားအမြောင်းလိုက်မှကျနေတဲ့ရေစက်တွေကို တပတ်နဲ့သုတ်ပြစ်လိုက်သည်။
သူ့သက်ပြင်းချသံက ကျယ်သွားသည်ထင်သည်။ ကိုကိုကြီးက ဝရန်တာမှာ laptop သုံးနေရင်း အထဲဝင်လာ၏။
နယုန့်အခန်းက ဝရန်တာနှင့်ဆက်လျှက်မို့ ကိုကိုကြီးက အမြဲလာနေသည်။
ပင်မဝရန်တာက လှေကားတည့်တည့်တွင်ရှိသော်လည်း လေအရမ်းတိုက်သည်ဟုဆိုကာ နယုန့်အခန်းမှာပင် သောင်တင်နေတော့သည်။

" ရှိတယ် ကိုကိုကြီး...ကျွန်တော်ခဏနေရင်သွားမှာ..."

တန်ခူးလွန်က နယုန့်ဘေးလာရပ်သည်။ မောင်နှမသုံးယောက်သည် ရုပ်ခြင်းမဆင်သော်လည်း တစ်ယောက်တစ်မျိုးစီကြည့်ကောင်းကြ၏။
တန်ခူးရဲ့မျက်နှာသည် လူကြီးလူကောင်းဆန်ကာ တည်ငြိမ်ရင့်ကျက်ဟန်ပေါ်သည်။ အများစုကတော့ တန်ခူးကဒယ်ဒီ့ကိုယ်ပွားဟုပြောကြသည်။
နယုန်...နယုန်က မာမီနှင့် ခပ်ဆင်ဆင်တူပြီး လူငယ်ဆန်သည်။ ညီမငယ်ကတော့....ဘယ်သူနဲ့မှမတူပဲ လှပတဲ့ပင်ကိုယ်မျက်နှာရှိသည်။

 " နယုန် " (Completed) Où les histoires vivent. Découvrez maintenant