(2)

712 119 3
                                    

"ဆန်ပြုတ်?"

ချွဲဟွန်ဆော့က သူ့ကိုနေ့လည်စာအတွက် မာဂရက်လာပေးတဲ့ ကြက်သားဆန်ပြုတ်ကို မအီမသာမျက်လုံးကြီးနဲ့ ကြည့်နေမိတယ်။သူသည် ဆန်ပြုတ်ကိုကြိုက်လှသည်တော့မဟုတ်...ဒါကလည်း ငယ်ငယ်ကတည်းက အမြဲစားနေရတဲ့ လူမမာစာတစ်ခုဖြစ်နေတယ်ဆိုတဲ့ ပယောဂကြောင့်လည်း ပါမည်။

"ဒါက မာဂရက်လုပ်ထားပေးတာမဟုတ်ဘူး ဆော့ကီးရဲ့"

သတ်လတ်ပိုင်းအရွယ်ရှိ 'မာဂရက်' အမည်ရတဲ့ မိန်းမကြီးက သူ့ကိုယ်ပေါ်က မိုးပြာရောင် အေပရွန်ကြီးကိုချွတ်ပြီး ဆေးရုံခန်းထဲက ထိုင်ခုံပေါ်ဝင်ထိုင်ရင်း ပြောတယ်။ဒါဆို ဘယ်သူလုပ်တာလဲ?

မာဂရက်ဆိုတာ တခြားလူတော့မဟုတ်ဘူး။ပြောရရင် ဒီဆေးရုံမှာမွေး၊ ဆေးနံ့တထောင်းထောင်းထပြီး သူနာပြုတွေပေါတဲ့ အထူးကြပ်မတ်ဆောင်မှာ ကလေးဘဝကိုဖြတ်သန်းခဲ့ရတဲ့ ကျွန်တော့်အတွက် မာဂရက်က သူငယ်ချင်းကောင်းတစ်ယောက်။ အဒေါ်လိုအမလို ချစ်ရတဲ့ ခေတ်ပညာတတ် အမျိုးသမီးတစ်ယောက်။သူနာပြုချုပ်ကြီးဆိုတာထက် ကျွန်တော့်နေ့လည်စာကို အိမ်ကနေ အမြဲချက်လာပေးလာတဲ့ အမျိုးသမီးကြီးလို့ သမုတ်ရင် ပိုမှန်လိမ့်မယ်။

ချွဲဟွန်ဆော့က ေမးခွန်းထုတ်ဖို့ "ဒါဖြင့်.."ဆိုတဲ့ လေသံမျိုး ဟလိုက်ပေမဲ့ ကြားဖြတ်လူက မဖိတ်ခေါ်ပဲဝင်ရောက်လာတယ်။

"အဲ့ဒါ မင်းအတွက် ခပ်ငယ်ငယ်ကောင်လေးတစ်ယောက် လာပေးသွားတာ ဆော့ကီး"

ဒေစီ့ရဲ့ မရှင်းမလင်းစကားသံကို ကျွန်တော်နားမလည်။လောကကြီးမှာ သိတဲ့လူကိုပြောပါဆိုအုံးတော့ မိသားစုနဲ့ ဆေးရုံကလူတွေပေါင်းမှ လက်ချိုးရေရင် ယောကျာ်းလေးဆိုတဲ့ အမျိုးသည် လက်ငါးချောင်းတောင် မပြည့်။အဖေဖြစ်တဲ့သူက ကောင်းကင်ဘုံကနေ သူ့ကိုကြည့်​နေမှာဖြစ်ပြီး ဦးလေးနဲ့သူ့သားကတော့ အခုချိန် စည်းစိမ်ရစ်နေလောက်တယ်မလား။နောက်ဆုံးကျန်တဲ့ သူငယ်ချင်းကြီး တစ်နည်းပြောရရင် ဆေးရုံအုပ် ဗြောင်ဂွန်းဟာလည်း သူ့ရဲ့တတိယမြောက် ​ဆေးစာတမ်း စာအုပ်ထုတ်ဝေမှုနှင့် အလုပ်ရှုပ်နေမည်သာ။

𝖫𝖺𝗌𝗍 𝖣𝖺𝗒 𝗈𝖿 𝖠𝗉𝗋𝗂𝗅 ❀Where stories live. Discover now