(12)

464 90 51
                                    

"ပျင်းလိုက်တာ မင်းရော မပျင်းဘူးလားဟင် ဟွန်းနီး"

ဆိုဖာပေါ်မှာ မေးထောက်ပြီး ဒူးထောင်ထားရင်း ပြောလာတဲ့ ချွဲဟျွန်ဆော့ဟာ တကယ့်ကလေးပေါက်စတစ်ယောက်လို!နေ့လည်ပိုင်း လုပ်စရာမရှိတာကြောင့် သူအရမ်းပျင်းနေတယ်ဆိုတာ ကျွန်တော်အသိ။

မနက်ကလည်း စောစောမထတဲ့အပြင် နိုးလာတာနဲ့ ခြံထဲက ပန်းပင်တွေကို သွားကလိနေသေးတယ်။တစ်ကိုယ်လုံး ရံွ့တွေဗွက်တွေနဲ့ ပေပွသွားတာတောင် ဆက်ပြီး ပန်းပျိုးချင်နေသေးတယ်။အိမ်ထဲဝင်ပြီး ရေအမြန်ချိုးခိုင်းမှ နှုတ်ခမ်းမစူတစူလုပ်ရင်း အိမ်ပေါ် ပြေးတက်သွားတယ်။အခုလည်း ထမင်းစားပြီးတာနဲ့ "ပျင်းတယ်ပျင်းတယ်"ပဲ အော်နေတာကြောင့် ပတ်ဂျီဟွန်းတစ်ယောက် ဘာလုပ်ပေးရမှန်းတောင်မသိတော့။

"ကျွန်တော်နဲ့ မြို့ထဲလိုက်မလား Hyung"

"အင်းအင်းအင်း"

ခေါင်းတဆတ်ဆတ် ငြိမ့်ပြီး ခုန်ဆွခုန်ဆွလုပ်နေတဲ့ Hyungကိုကြည့်ရင်း ကျွန်တော် ဘယ်သွားရမလဲ အကြံရသွားတယ်။ကားစက်နှိုးပြီးတာနဲ့ အဆင်သင့်တက်လာတဲ့ Hyungက မိုးပြာရောင် ဂျင်းလက်ရှည်လေးနဲ့။

"ဘယ်သွားမှာလဲ?"

"ရုပ်ရှင်ရုံ!"

"ဟင်.... ရုပ်ရှင်ရုံကိုလား"

ပတ်ဂျီဟွန်းက ချွဲဟျွန်ဆော့ကို တစ်ချက်ကြည့်လိုက်တယ်။ကျွန်တော့်အနားကို ကပ်လာတဲ့ အဲ့ဒီကောင်လေးရဲ့ ကိုယ်က Jo Malone ရေမွှေးအနံ့ရတယ်။နေပါအုံး ဒီအနံ့ကို ရင်းနှီးနေတယ်... ဒါ ငါ့ရေမွှေးဘူးက အနံ့မဟုတ်ဘူးလား?

Fashionမကျတကျ အဝတ်တွေနဲ့ ကိုယ်သင်းနံ့တွေကိုဆို မတရားတန်ဖိုးထားတတ်တဲ့ ချွဲဟျွန်ဆော့ရဲ့ အကြိုက်က မိန်းကလေးဆန်တာမျိုးလည်းမဟုတ်။ဒီအတိုင်း ရောဂါသည်ကြီးလို မနေချင်တာကြောင့် သူကိုယ်တိုင်က ဘယ်လိုယုံကြည်ချက်ရှိရှိ confidenceရှိရှိနဲ့ သာမန်ကောင်လေးတစ်ယောက်ဖြစ်အောင် ကြိုးစားနေရုံလေး။

အနားကိုထပ်တိုးလာတဲ့ ဂျီဟွန်းနီးကြောင့် ချွဲဟျွန်ဆော့ကိုယ်က ကားနောက်မှီထဲကို ကြုံ့ဝင်သွားသလိုလို...

𝖫𝖺𝗌𝗍 𝖣𝖺𝗒 𝗈𝖿 𝖠𝗉𝗋𝗂𝗅 ❀Donde viven las historias. Descúbrelo ahora