(27)

342 70 14
                                    

"Park Jihoonဆိုတဲ့ လူနာက ဘယ်အခန်းမှာလဲမသိဘူးဗျ"

ကားကို ကိုယ်တိုင်မမောင်းနိုင်တာကြောင့် ကားသော့ကို Jeongwooဆီပေးပြီးမောင်းခိုင်းခဲ့တာကြောင့် ဘူဆန်ဗဟိုဆေးရုံကို ထင်ထားတာထက် ပို​ေစာပြီးရောက်လာခဲ့သည်။ နှလုံးရောဂါတွေဘာတွေလည်း ကျွန်တော် မမှုနိုင်။ဒါကြောင့် receptionက အမြန်ပြေးသွားလိုက်သည်။ အခုချိန်မှာ အရေးကြီးနေတာက Jihoonကိုယ်တိုင်ပဲမလား?

"ဒုတိယထပ်က အခန်းနံပါတ် 304 မှာပါ"

ကြားကြားချင်းပဲ ဓာတ်လှေကားကိုအမြန်လိုက်ရှာပြီး လူစောင့်ခလုတ်ကိုနှိပ်ထားလိုက်သည်။ အတူလိုက်လာတဲ့ Jeongwooကိုတော့ ကားထဲက စားစရာတချို့သွားယူပြီးမှ လိုက်လာခဲ့ဖို့မှာထားတာမို့ အခုချိန်မှာတော့ ဓာတ်လှေကားရှေ့တွင် ကျွန်တော် တစ်ယောက်တည်းရပ်နေရသည်။

ဓာတ်လှေကားပွင့်လာတာနဲ့ 2nd floorကိုနှိပ်လိုက်ပြီး အခန်းလိုက်ရှာရသည်။ Jeongwooပြောပြသလောက်တော့ ထိခိုက်ဒဏ်ရာမရှိဘဲ ဒီတိုင်းသတိလစ်သွားတာမို့ အရေးပေါ်အခန်းတွေ၊ အထူးကြီးကြပ်ဆောင်ကိုမသွားရဘဲ ဆရာဝန်တွေက ရိုးရိုးအခန်းမှာပဲထားကြသည်တဲ့။

304လို့ရေးထားသည့် ရွှေရောင်ကြေးပြားအောက်၌မူ အဖြူရောင်ကတ်ပြားကို ချိတ်ကလေးနဲ့ ချိတ်ထားသည်။ ထိုကတ်ပြားပေါ်တွင် "Park Jihoon"လို့ရေးထားတာကြောင့် ရင်ထဲမကောင်းဘဲ အခန်းတံခါးကိုအမြန်ဆွဲဖွင့်ပြီး ဝင်သွားလိုက်ရသည်။

ဆေးရုံဆိုတာက ကျွန်တော်နဲ့သိပ်ရင်းနှီးသည်။ အခန်းကိုဖွင့်ဖွင့်ချင်း လှဲနေတဲ့တစ်စုံတစ်ယောက်ကြောင့် ကျွန်တော့်လက်တွေ တဆတ်ဆတ်တုန်လာသည်။ ဒီလိုဖြစ်တာမျိုး ဒီဆေးနံ့တွေ၊ ဒီဆေးထိုးပိုက်တွေကို ကျွန်တော် ကြောက်နေတာမျိုးကြောင့် မဟုတ်ဘူး။ ကျွန်တော်ကြောက်တာက Jihoonieတစ်ခုခုဖြစ်သွားမှာကို။

ပက်လက်လန်ပြီးလှဲအိပ်နေတဲ့ Jihoonieက အခုထိသတိရမလာသေးဘူး။ထင်တဲ့အတိုင်းပဲ ဒီကောင်လေးင သိပ်ပေါ့ဆတာပဲ!

ကျွန်တော် သူ့လက်တွေကိုဆွဲကိုင်ပြီး ပါးမှာကပ်ထားလိုက်သည်။ ဒီကောင်လေးက ကျွန်တော့်အတွက်အဖိုးတန်လွန်းသည်။ လက်မလွှတ်နိုင်လောက်တဲ့ အတ္တတွေနဲ့ သူ့ကိုဖမ်းဆွဲထားချင်သည့် လောဘစိတ်လေးလည်း ကျွန်တော့်တွင်ရှိလာပြီထင်ပါရဲ့။

𝖫𝖺𝗌𝗍 𝖣𝖺𝗒 𝗈𝖿 𝖠𝗉𝗋𝗂𝗅 ❀Where stories live. Discover now