(17)

457 86 24
                                    

"အဲ့ဒါကြောင့် ငါပြောပါတယ် မင်း ဆေးခန်းသွားရင် မင်းကောင်လေးကို ခေါ်မသွားသင့်ဘူးဆိုတာ"

အိမ်ပြန်ရောက်တာနဲ့ အကြော်အလှော်အိုးတွေဆီမှာ အလုပ်ရှုပ်နေပုံရတဲ့ Asahiနဲ့ Hyunsukကိုကြည့်ရင်း Yoon Jaehyukတစ်ယောက် စကားစလိုက်တယ်။

အမှန်တော့ သူတို့ဒီမှာလာသောင်တင်နေတာ ကြာနေပြီမို့ ညနေဆိုရင် အမေတို့အိမ်ဝင်နှုတ်ဆက်ပြီးတာနဲ့ ဂျပန်ကိုတန်းပြန်ကြတော့မှာဖြစ်တယ်။ဒါပေမယ့်လည်း တောက်တဲ့လို ကပ်တွယ်နေတဲ့အပြင် အပြန်လမ်းတုန်းကလည်း ဘူဆန်မှာရှိတဲ့ ပင်လယ်စာတွေကို အလုံးအရင်း လက်ဆောင်ပေးခိုင်းခဲ့တာကြောင့် Park Jihoonက မျက်စောင်းလေးတစ်ချက်နဲ့ ပါးချသလိုအကြည့်မျိုးကြည့်လိုက်မိတယ်။

"ငါက စေတနာနဲ့ပြောနေတာ"

"​ေတာ်စမ်းပါ မြန်မြန်စားပြီးသောက်ပြီးတာနဲ့ ထွက်သွားကြပါတော့"

သူ့အား မျက်စောင်းပြန်ထိုးပြပြီး ဖာလာစေ့တွေကို တစ်စေ့ချင်းဝါးနေတဲ့ Yoon Jaehyukဆိုသော အကောင်မှာ ဂနာမငြိမ်လှပါ။ဒီလိုကောင်ကို ရေခဲတုံးအဖေခေါ်ရတဲ့ Asahiက ကြိုက်သွားတယ်ဆိုတာ တကယ်ကြီးကိုယုံနိုင်စရာမရှိ။ခေါ်တဲ့ပုံကလည်း Jaeတဲ့! Jaeတဲ့လေ!!! Jaeလို့ခေါ်နေတာ!!!!!!

"ဘယ်လိုပဲဖြစ်ဖြစ် နောက် မင်းဆေးခန်းသွားရင် Hyunsukkie Hyungကို ခေါ်မသွားနဲ့"

"Wae? ဘာလို့လဲ"

အကြော်ပန်းကန်တွေ သယ်ရင်း မီးဖိုခန်းကနေ သူတို့ဆီကိုထွက်လာရင်း နားစွန်နားဖျားကြားမိပြီး သူတို့စကားကြားထဲမှာ ဝင်ဖြတ်ပြောနေတဲ့ Asahiကို အားလုံးကိုဝိုင်းကြည့်လိုက်ကြတယ်။ဟော မပြောမဆို သူများအိမ်ရဲ့ ရေခဲသေတ္တာထဲကနေ ဝိုင်ပုလင်းတွေထုတ်လာပြန်ပြီ ဒီသောက်အတွဲကတော့...

"အချစ် ကိုယ် vaccineထိုးတုန်းက အချိန်ကိုမှတ်မိသေးတယ်မလား"

ကဲသဲစွာနဲ့ မေးလာတဲ့ Jaehyukအမေးကို ကျွန်တော်တို့ငြိမ်သက်စွာနဲ့ နားထောင်နေကြတယ်။ထဖြေသူက သူ့ရည်းစား
"မှတ်မိတယ်လေ"

"အဲ့တုန်းက အချစ် ကိုယ့်ကို ဘယ်လိုစိတ်ပူပြီး ပြောခဲ့တာလဲ"

𝖫𝖺𝗌𝗍 𝖣𝖺𝗒 𝗈𝖿 𝖠𝗉𝗋𝗂𝗅 ❀Where stories live. Discover now