(16)

409 86 41
                                    

ထုံးစံအတိုင်း အိမ်မှာလာသောင်တင်နေကြတဲ့ နှစ်ကောင်ရောက်နေတာ ဒီနေ့နဲ့ဆို ဒုတိယမြောက်နေ့။ဘယ်အချိန်ထိ နေကြအုံးမလဲမသိပေမယ့် သူ့ရဲ့အစီအစဥ်တွေကိုတော့ လုံးလုံးလျားလျားကြီး ကူညီပေးသယောင် နှောင့်ယှက်နေသယောင်ယောင် မသဲကွဲဘူး။

ကံကောင်းထောက်မလို့ မနေ့ကတော့ နှစ်ကောင်သားကျေးဇူးနဲ့
အိပ်ခန်းနှစ်ခန်းပဲပါတဲ့ ဒီအိမ်ကြီးထဲ Hyungနဲ့အတူ တစ်ခန်းတည်းအိပ်လိုက်ရပါသည်။သူ့အခန်းဆီလာအိပ်ပေမယ့် ချစ်တော့လည်း အလိုလိုက်ရတာပါပဲ။ဒါပေမယ့် ပတ်ဂျီဟွန်းတို့က ကြမ်းပြင်ပေါ်ခွဲအိပ်ရတဲ့အထိ အအေးပတ်ပြီး ပါးရွဲ့တော့မယ့်ဒဏ်တွေကို ဒီညတော့ ဆက်မခံချင်။တူတူအိပ်ရတယ်ဆိုရင်တော့ တစ်မျိုးပေါ့ အခုဟာက ဘယ်နှယ့် ဒီကဲကဲကောင်နှစ်ယောက်ကြောင့်နဲ့ အနစ်နာခံပြီး အအေးပတ်ခံရမယ်ဆိုတာ ဖြစ်သင့်ရဲ့လား?

Aprilလ 13ရက်နေ့။ပြက္ခဒိန်က ရက်စွဲစုတ်ကို ဖြဲယူလိုက်တော့မှ ဒီနေ့ဟာ တနင်္လာနေ့ဖြစ်ကြောင်း သိလိုက်ရတယ်။Hyungနဲ့အတူ လျှောက်လည်ရမဲ့ရက်။

မြို့ထဲက central pointမှာ supermarket အသစ်ရောက်တယ်လို့ကြားတာကြောင့် ဧည့်သည်ကောင်နဇစ်ယောက်ကတော့ ကြွမြန်းသွားကြပြီ။အိမ်မှာကျန်နေခဲ့တာ သူရယ်။ Hyungရယ်....

"ဟိတ် မထသေးဘူးလား?"

ဘေးတစောင​်းအိပ်နေတဲ့ ချွဲဟျွန်ဆော့ဆိုတဲ့ ကျွန်တော့်လူသားလေးက ခြေသလုံးရင်းမှာ စောင်ပါးတစ်ထည်နဲ့ ဒူးကလေးကွေးပြီးအိပ်နေတုန်း။

"အင်း အိပ်အုံးမှာ"

"လာပါအုံး ကျွန်တော့်ဆီ"

မတတ်စဖူး အခုမှ ကိုယ့်ကုတင်​ေပါ် ပြန်တက်ရတာတောင် ဒီတစ်ခေါက်က ကျောချမ်းဖို့အကောင်းဆုံးဖြစ်​ေနမှန်း သူ သတိထားမိလိုက်တယ်။မထိရက်မကိုင်ရက်လောက်အောင် တန်ဖိုးထားကြတဲ့ အနုနည်းနဲ့သာချစ်ရဲပါသည်။စိတ်ရှိလက်ရှိချစ်ပစ်လိုက်ရရင်ဆိုတာတွေဟာ သူ့ရဲ့ကိုယ်ပိုင်အတွေးတွေထဲမှာပဲ ထားထားတဲ့အရာတွေဖြစ်တာမို့ ဘယ်တော့မှထုတ်ပြောဖြစ်မည်မဟုတ်။

ဘေးနားမှာဝင်လှဲလာတဲ့ကောင်လေးကို ချွဲဟျွန်ဆော့က လှမ်းဖက်လိုက်တယ်။ဒါပထမဆုံးပဲ....သူ့အတွက် ကုတင်တစ်လုံးတည်းပေါ်မှာ လူတစ်ယောက်ကိုဖက်ဖူးတယ်ဆိုတာ....

𝖫𝖺𝗌𝗍 𝖣𝖺𝗒 𝗈𝖿 𝖠𝗉𝗋𝗂𝗅 ❀Where stories live. Discover now