Part-1

12.7K 499 8
                                    

Unicode...

"မင်းသွေးသစ်...မင်းဒါဘာစောက်ချိုးချိုးတာလဲ။ငါမင်းကိုသွားခွင့်မပြုဘူးလို့ပြောထားတာကိုမင်းကခိုးထွက်သွားရဲတယ်ပေါ့ ဟမ်!!"

သွေးသစ် ဆိုဖာပေါ်တွင်ထိုင်၍ထိုလူကြီး၏စကားများကိုနား‌ထောင်နေရင်း စိတ်ထဲတွင်ပြောမိလေသည်။

ဟုတ်တယ် သူဒီနေ့clubသွားခဲ့တယ်။ဘာလို့သွားတာလဲ??..အဖြေကရှင်းရှင်းလေး အဲ့လူကြီးမကြိုက်လို့ကိုသွားတာ။သူမကြိုက်တဲ့ အရာတွေကိုပဲ ကျွန်တော်ကရွေးလုပ်ချင်တာ..။

"ငါမင်းကိုပြောနေတာ..မင်းမကြားဘူးလား။ဘယ်တွေအတွေးရောက်နေတာလဲ?!!"

ထိုလူကြီး၏ ဒေါသထွက်စွာဖြင့်ပြောလာသောစကားသံထပ်ထွက်လာမှ သွေးသစ်၏အတွေးတို့လွင့်စင်သွားရလေသည်။

"ဘာဖြစ်လို့လဲ...ဘာလို့မသွားခိုင်းတာလဲ.!?"

သွေးသစ်လည်းမကျေနပ်၍ထိုလူကြီးအား မေးခွန်းပြန်မေးလိုက်လေသည်။

"ငါမသွားခိုင်းရင် မသွားနဲ့ပေါ့။မင်းကဘာစောက်ကြောတွေရှည်နေရတာလဲ..!"

"ခင်ဗျား..ခင်ဗျားက တော်တော်အကျင့်မကောင်းတာပဲ။ကျွန်တော့်ကို ဟိုဟာချုပ်ချယ်၊ဒီဟာချုပ်ချယ်နဲ့"

"ချုပ်ချယ်ရမှာပဲ။ငါကမင်းယူထားတဲ့ မင်းရဲ့တရားဝင် ခင်ပွန်း၊မင်းယောက်ျားပဲ။ငါ့မှာမင်းကိုချုပ်ချယ်ပိုင်ခွင့်အပြည့်ရှိတယ်!!"

ထိုလူကြီးပြန်ပြောလာသောစကားအား သူဘာမျှခွန်းတုံ့မပြန်နိုင်တော့ပေ။ဟုတ်သည်လေ..သူတို့နှစ်ယောက်က လက်ထပ်ထားကြတာပဲ။ဘယ်လိုပဲသူမုန်းပါတယ်ပြောပြော အခုအချိန်မှာထိုလူကြီးက သူ့ရဲ့အုပ်ထိန်းသူ၊တရားဝင်လင်ယောက်ျားပေ။

သွေးသစ်ထိုအတွေးတို့နှင့်အတူ ဘာမျှထပ်မပြောတော့ဘဲ အပေါ်ထပ်သို့သာပြေးတက်သွားမိလေတော့သည်။အပေါ်ထပ်သို့ရောက်သောအခါ ထိုလူကြီးအခန်းရဲ့ဘေးခန်းသို့ဝင်၍ တံခါးကိုလော့ချထားလိုက်လေပြီး ကုတင်ပေါ်တွင်ငိုကြွေးမိလေသည်။

********************

ထိုကောင်လေးအပေါ်ထပ်သို့ပြေးတက်သွားကာမှ ဘုန်းခန့် ဆိုဖာပေါ်သို့သက်ပြင်းချသံနှင့်အတူထိုင်မိလေသည်။

You are My Life《Completed》Where stories live. Discover now