Extra-3

3.7K 146 7
                                    

Unicode...

"အင်း..ဟုတ်တယ်။ငယ်ဝတ်ထားတဲ့အင်္ကျီမှာဖျန်းထားတာ။အဲ့တာကြောင့် ယားယံလာပြီးငယ်အသက်ရှုကြပ်သွားရတာ။အပြင်ပိုင်းပဲထိမိတာမို့ အခြေအနေကသိပ်မဆိုးသွားတာ"

ထိုအခါမှသွေးသစ်လည်း နားလည်သဘောပေါက်သွားရသည်။

ဒါကြောင့်မို့သူအဲ့အင်္ကျီစဝတ်ကတည်းကနေရတာအဆင်မပြေဖြစ်နေတာကို။သားမွေးပြီးကတည်းက သွေးသားပြောင်းလဲကာသူပါမြေပဲနှင့်ဓာတ်မတည့်ဖြစ်လာခဲ့သည်။ထို့အတွက်မြေပဲနှင့်ပြုလုပ်ထားသောအရာမှန်သမျှဆိုရင်သားရောသူပါ ဝေးဝေးကရှောင်ရသည်။

ဒါဆို အဲ့တာကိုသူ့အင်္ကျီပေါ်မှာဖျန်းသွားတဲ့လူကဘယ်သူလဲ?

သူ့ကိုဘယ်သူကမကောင်းကြံနေရတာလဲ?

သွေးသစ်ထိုကိစ္စကိုလေးလေးနက်နက်တွေးနေပေမယ့်လည်း ဦးဘုန်းခန့်၏စကားကြောင့်အတွေးစတို့လွင့်စင်သွားရသည်။

"ခေါင်းကိုက်စရာတွေဘာမှလျှောက်တွေးမနေနဲ့။အနားယူလိုက်အုံး"

"အင်းပါ"

"ဒါဆိုကိုယ်တစ်ခြားလိုအပ်တာတွေမေးဖို့အတွက်ဆရာဝန်နဲ့ခဏသွားတွေ့လိုက်အုံးမယ်။သား..ဖေဖေနဲ့နေခဲ့ပြီး ဖေဖေ့ကိုအဖော်ပြုပေးထားလိုက်အုံး"

ဘုန်းခန့် သွေးသစ်ကိုပြောပြီးနောက်သားကိုပါကြည့်ကာပြောလိုက်ခြင်းဖြစ်သည်။

"ဟုတ်"

ထို့နှင့်ဘုန်းခန့်လည်းသားအဖနှစ်ယောက်အား အခန်းထဲတွင်ထားခဲ့ကာ အခန်းအပြင်သို့ထွက်လာခဲ့သည်။ဖုန်းမြည်လာသောကြောင့် ကိုင်လိုက်သည်။

ဆက်လာသူကထက်မြတ်ပင်။

"ဘယ်သူလဲဆိုတာသိရပါပြီ ဆရာ။ကျွန်တော်အချက်အလက်တွေဆရာ့ဆီပို့ပေးထားပါတယ်"

"ကောင်းပြီ"

သွေးသစ်သတိမရခင်ကတည်းက ကိစ္စအစုံအားသက်တန့်ကိုသေချာမေးကာလုပ်ခဲ့တဲ့တရားခံကို ထက်မြတ်ကိုရှာခိုင်းထားခြင်းပင်။

ထို့နှင့်ဖုန်းချလိုက်ပြီးနောက် ထက်မြတ်ပို့ပေးသောအချက်အလက်များအားကြည့်လိုက်သည်။ထို့နောက် ဒေါသစိတ်ကြောင့်မျက်ခုံးများကိုတွန့်ချိုးမိသည်။

You are My Life《Completed》Dove le storie prendono vita. Scoprilo ora