Part-3

6.6K 325 16
                                    

Unicode...

အိမ်သို့ရောက်သောအခါ သွေးသစ်အပေါ်ထပ်သို့တက်ရန်အကြံတွင် ထိုလူကြီးကသူ့အားလှမ်းခေါ်ပြန်လေသည်။

"သွေးသစ် ငါမင်းကိုပြောစရာရှိတယ်။ဒီကိုခဏလာအုံး"

ထို့နှင့်သွေးသစ်သည်လည်း ဧည့်ခန်းထဲသို့သွား၍ ဆိုဖာတစ်ခုပေါ်တွင်ဝင်ထိုင်လိုက်လေသည်။

"ဒီဇာတ်ကားရိုက်ပြီးသွားရင် မင်းကိုရုပ်ရှင်တစ်ကားရိုက်ဖို့ကမ်းလှမ်းထားတယ်။အဲ့တာငါလက်ခံလိုက်တယ်"

ထိုလူကြီးစကားကြောင့် သွေးသစ်လည်း ထိုလူကြီးအားပြန်ကြည့်ပြီးနောက်မေးမိသည်။

"ဒါရိုက်တာ ဘယ်သူလဲ?"

"ဒါရိုက်တာက သူတို့ဘက်ကလူနဲ့ရိုက်မှာ။အဲ့ဒါရိုက်တာက တော်ပါတယ်။အဲ့တာကြောင့်မင်းစိုးရိမ်စရာမလိုဘူး"

သွေးသစ်၏ စိတ်ထဲတွင်ပြောမိလေသည်။

'ဒါရိုက်တာဘယ်သူလဲလို့မေးတာ တော်လားမတော်လားသိချင်လို့မေးတာမဟုတ်ဘူး။ခင်ဗျားဖြစ်နေမှာစိုးလို့...ခင်ဗျားနဲ့မဟုတ်ရင် ကျွန်တော်က ဘယ်သူနဲ့ရိုက်ရိုက်အဆင်ပြေတယ်...'

"ငါပြောတာကြားလား..!"

သွေးသစ် အတွေးထဲမျောနေစဥ် ထိုလူကြီးစကားကြားမှပြန်ဖြေလိုက်လေသည်။

"အင်း...ကြားတယ်။ဒါပဲမလား ကျွန်တော်သွားတော့မယ်။"

သွေးသစ်ထိုသို့ပြောပြီး ထထွက်သွားရန်အပြင်တွင်..

"ပြန်ထိုင်စမ်း!"

သွေးသစ်၏မြှောက်ကြွသွားသောခန္ဓာကိုယ်မှာ ထိုစကားကြောင့် ဆိုဖာပေါ်သို့ပြန်ထိုင်လိုက်ရသည်။

"မင်းငါ့ကိုပြောတာတွေက ရင့်သီးနေတယ်နော်။ငါမင်းထက်ငယ်တဲ့လူမဟုတ်ဘူး။အချိုးမပြေတာတွေ ငါ့ရှေ့လာမလုပ်နဲ့!"

သွေးသစ် ဦးဘုန်းခန့်ပြောသောစကားများအား ခေါင်းငုံ့ပြီး နှုတ်ဆိတ်၍သာနားထောင်နေလေသည်။

ဘုန်းခန့်လည်း သူလေသံမာမာနှင့်ပြောရင်ငြိမ်ကျသွားသောကောင်လေးအား တစ်ချက်ကြည့်ပြီးနောက်ထပ်ပြောလိုက်သည်။

You are My Life《Completed》Where stories live. Discover now