Part-24

5.4K 229 11
                                    

Unicode...

သွေးသစ် သူဒီကလေးကို မွေးသင့်၊မမွေးသင့်ကိစ္စကသူ့ကိုအချိန်တော်တော်ကြာသည်အထိစဥ်းစားဆုံးဖြတ်ရစေသည်။

သူထပ်ပြီးတော့ဝေဖန်ကဲ့ရဲ့သံတွေမကြားချင်တော့ပါ။လွန်ခဲ့တဲ့၂နှစ်ကထိုအသံတွေကို သူဒီနေ့ဒီအချိန်ထိမှတ်မိနေတုန်း။

သရုပ်ဆောင်မင်းသား မင်းသွေးသစ်ကအနုပညာလောကထဲက ယောက်ျားတစ်ဦးနဲ့ကြိုက်နေတာတဲ့။

မင်းသွေးသစ်ဆိုတဲ့ မင်းသားက gayတဲ့။

လူကဖြူနုနေတာ ခြောက်နေတာမဆန်းတော့ပါဘူး။

ကပ်ပြီးချူစားတာဖြစ်မှာပေါ့။

ထိုသို့သောပြောသံတွေကို သူအဲ့အချိန်တုန်းကနေ့စဥ်နှင့်အမျှကြားခဲ့ရသည်။အခုလည်းသူဟာယောက်ျားလေးတစ်ဦးဖြစ်ရက်နဲ့ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့သတင်းထွက်သွားရင် သူထပ်ပြီးတော့အဲ့လိုတွေအပြောခံရအုံးမှာလား??အဲ့လိုပြောသံတွေကိုထပ်ပြီးသူမကြားမိချင်တော့တာတော့အမှန်ပါ။

ဒါပေမယ့်လည်း ဦးဘုန်းခန့်ကိုသူယုံသည်။သူ့ကိုကာကွယ်ပေးပြီး သူ့ဘဝကိုလုံခြုံမှုပေးနိုင်မယ်ဆိုတာ။ပြီးတော့အခုကိုယ်ဝန်ကလည်း သူနဲ့ဦးဘုန်းခန့်တို့ရဲ့သွေးသားလေ သူမလိုချင်ပဲနဲ့တော့နေမလား။

ဦးဘုန်းခန့်ကို သူယုံကြည်သည့်အတွက်ဘာပဲဖြစ်လာဖြစ်လာသူရင်ဆိုင်တော့မည်။နေ့စဉ်ရက်ဆက်သူစဥ်းစားပြီးတဲ့နောက်မှာတော့ သူဒီကလေးကိုမွေးဖို့ဆုံးဖြတ်လိုက်သည်။

.
.
.
.
.

အလုပ်လုပ်နေသော ဦးဘုန်းခန့်နားသို့သွေးသစ်သွားလိုက်သည်။သူ့ကိုမြင်တော့ မော့ကြည့်ကာမေးလာသည်။

"ဘာလို့လဲ?"

သွေးသစ်မတ်တပ်ရပ်ကာခေါင်းကိုငုံ့ထားရင်း စိတ်လှုပ်ရှားစွာဖြင့်လက်ထိပ်များကိုဆိတ်မိနေတော့သည်။

သူ့အရှေ့တွင် မတ်တပ်ရပ်ကာခေါင်းငုံပြီးလက်ထိပ်များကိုဆိတ်နေသောကောင်လေး၏လက်အား ဘုန်းခန့်ဆွဲယူလိုက်ပြီးပေါင်ပေါ်တွင်ထိုင်ခိိုင်းစေလိုက်သည်။

You are My Life《Completed》Donde viven las historias. Descúbrelo ahora