Part-7

5.1K 259 34
                                    

Unicode...

"မင်္ဂလာပါ သွေးသစ်...မတွေ့တာကြာပြီနော်"

ထိုသို့ပြောကာ မိတ်ဆက်စကားဆိုလာသောလူသား သွေးသစ်အံ့သြစွာဖြင့်ကြည့်နေမိသည်။

ခဏအကြာ ဒါရိုက်တာဖြစ်သူဘက်လှည့်ကာမေးလိုက်မိသည်။

"အသစ်ပြောင်းလိုက်တဲ့မင်းသားက သူလား?"

ဒါရိုက်တာသည်လည်း သူ့စကားအားစိုးရိမ်မှုကြောင့် အထစ်ထစ်အငေါ့ငေါ့နှင့်ပြန်ဖြေလာသည်။

"ဟုတ်..ဟုတ်တယ်..သွေးသစ်"

"ဒါဆို..ကျွန်တော်လည်းဒီဇာတ်ကားနဲ့ပတ်သတ်ပြီး ဘာမှပြောစရာမရှိတော့တာမို့ခွင့်ပြုပါအုံး"

သွေးသစ်ထိုသို့ပြောကာ ထိုအခန်းထဲမှထွက်လာခဲ့သည်။ခေါင်းထဲတွင်လည်း အတွေးများကပေါင်းစုံဖြစ်ပေါ်နေသည်။

'ဘာလို့လဲ?...ဘာလို့ထပ်ပေါ်လာရတာလဲ?...ဘာလို့သူ့ရှေ့ကိုပြန်ရောက်လာရတာလဲ?..သူ့ရဲ့အခြေအနေကို ကြည်ဖို့ရောက်လာတာလား?'

ထိုအတွေးနှင့်အတူ သွေးသစ် ဦးတည်ရာမဲ့စွာဖြင့်လျှောက်လှမ်းနေမိသည်။ထိုစဥ် သူ့လက်အားတစ်စုံတစ်ယောက်မှ လမ်းဆွဲလိုက်လေသည်။

"ခဏလေး သွေးသစ်"

သူလည်း ထိုသူကိုအော်ကာပြောမိသည်။

"ကျွန်တော့်ကိုလွှတ်စမ်းပါ!!"

"မင်းမကြိုက်ရင်...sorry။ဒါပေမယ့် အစ်ကို မင်းကိုပြောစရာတွေအများကြီးရှိတယ် သွေးသစ်"

"ခင်ဗျားနဲ့ကျွန်တော့်ကြားမှာ ဘာမှပြောစရာမရှိတော့ဘူး..။ဘေးမှာပတ်ဝန်းကျင်ဆိုတာရှိတာမို့ ခင်ဗျားကျွန်တော့်နောက်ကိုဆက်လိုက်မလာပါနဲ့"

သွေးသစ်ထိုသို့ပြောကာ ခြေလှမ်းကျဲကျဲများလှမ်းရင်း ကားရှိရာသို့သွားမိသည်။

သူလာနေတာကိုတွေ့သောအခါ သက်တန့်မှပြောလာသည်။

"အစ်ကိုသွေးသစ် ဘာဖြစ်လို့လဲ?"

"ဘာမှမဖြစ်ဘူး ဒီကနေသွားရအောင်"

သက်တန့်လည်း ဘာမှထပ်မပြောတော့ဘဲ driverအား မောင်းရန်သာအချက်ပြလိုက်သည်။

You are My Life《Completed》Where stories live. Discover now