Part - 1

375 57 11
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞☼︎

နူးညံ့တဲ့ သံစဉ်လေးလို လေပြည်လေညင်းလေးက ကားမှန်ပြတင်းပေါက်မှတစ်ဆင့် လာရောက်တိုးဝေ့လိုက်သည်က ...
အပြစ်ပြောစရာမရှိလောက်အောင် အချိုးကျသေသပ် ချောမောသော ဟန်လင်းအနုပညာအထက်တန်းကျောင်းရဲ့ ကျောင်းသားလေးဆီသို့

သူက

Ice Figure skater တစ်ယောက်ဖြစ်တာကြောင့် ကျောင်းမှာ မသိတဲ့သူမရှိလောက်အောင် နာမည်ကျော်ကြားသူ

တစ်ခါမြင်လိုက်တာနဲ့ သမင်လည်ပြန်ငေးမောမိလောက်အောင် ဆွဲဆောင်နိုင်သော နတ်ဘုရားတို့ရဲ့ လက်ရာမြောက်ဖန်တီးမှုတစ်ခုဖြစ်တဲ့ သူ

လေပြေလေးရေ မင်းကိုမနာလိုလိုက်တာကွာ... မင်းက ငါတို့ရဲ့မင်းသားလေးဆီ ခဏတာဝင်ရောက်တိုးဝှေ့ခွင့် ရခဲ့တယ်လေ။

ဟော.... နေမင်းကြီးကပါ ကောင်လေးမျက်နှာဆီ ကျူးကျော်ထိပါးလာနေပြီ။

ကောင်လေးကတော့ နေမင်းကြီးရဲ့ နွေးထွေးမှုကို ရယူဖို့ ကားမှန်ပြတင်းပေါက်နားကို ပိုတိုးသွားလိုက်သေးတယ်။

ခုချိန်မှာ မနာလိုအဖြစ်ရဆုံးက နေမင်းကြီးဖြစ်သွားပြီ။

ကောင်လေးကိုနွေးထွေးမှုတွေပေးလို့ ကျေးဇူးတင်မိတာတော့အမှန်ပါပဲ။

❄︎ ❄︎ ❄︎ ❄︎ ❄︎ ❄︎

လေ့လာရေးခရီးထွက်လာခဲ့တဲ့ကားရပ်သွားတော့ သူ့ဘေးမှာ အိပ်ပျော်နေတဲ့ သူငယ်ချင်းဖြစ်သူကို နှိုးလိုက်သည်။

" Jay ya, ထတော့လေ၊ ငါတို့ သွားရမယ့် လေ့လာရေးစခန်းကိုရောက်နေပြီ "

ထိုအခါ Jay က အိပ်ချင်မူးတူးနဲ့ ပုံစံနဲ့နိုးလာပြီး မျက်လုံးကိုတစ်ချက်ပွတ်လိုက်သေးသည်။

"ဟင်... ရောက်ပြီလား၊ ဆင်း‌လေ ကားပေါ်ကနေ"

"မင်းအရင်ဆင်းရမှာ၊  Window side မှာထိုင်နေတဲ့ငါက မင်းကိုကျော်ခွပြီးအရင်ဆင်းလိုက်ရမလား"

Sunghoon က အဲ့ဒီလိုပြောလိုက်တော့မှ

"ငါ့ကိုတော့ကျော်ခွမဆင်းပါနဲ့ကွာ၊ ဆင်းချင်ရင် ပြတင်းပေါက်ကနေသာ ခုန်ဆင်းလိုက် ငါ့ကောင်ရေ.... ဟားဟားဟား "

The Sun From WonderlandWhere stories live. Discover now