Part - 5

308 50 5
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞 ☼︎

မိုးတွေရွာနေတဲ့ ညတစ်ညမှာ တွေ့ဆုံဖို့အကြောင်းဖန်လာတာမလို့ မိုးနတ်မင်းကိုပဲ ကျေးဇူးတင်ရမလား။

အဲ့‌ဒီညနေက ကျွန်တော်သာ တောင်အောက်ကိုမဆင်းလာခဲ့မိရင်၊ ကျောင်းသားတွေအများကြီးရောက်လာတာကို ငေးမကြည့်မိခဲ့ရင်၊ မိုးခိုဖို့နေရာမရှာခဲ့မိရင် ကိုကို့လို မေတ္တာအပြည့်နဲ့ လူသားတစ်ယောက်နဲ့ တွေ့ဆုံဖြစ်ခဲ့မှာမဟုတ်ပါဘူး။
တံခါးခပ်ဟဟဖြစ်နေတဲ့ တစ်ခုတည်းသော အခန်းလေးက ကျွန်တော်နဲ့ ကိုကို့ကို ဆုံးဆည်းခွင့်ပေးခဲ့တဲ့ မေတ္တာတံခါးလေးဖြစ်ခဲ့တယ်။

ခရီးပန်းလာလို့ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ခပ်ချောချောကောင်လေးနှစ်ယောက်က အခန်းတံခါးလော့မချမိဘဲ ခပ်ဟဟဖြစ်နေတာကို မသိသလို
လိမ္မော်ရောင်အမွှေးပွလေး တစ်ညမိုးခိုသွားတယ်ဆိုတာကိုလည်း မရိပ်မိခဲ့ပါဘူး။

                    ☼︎☼︎☼︎☼︎☼︎☼︎☼︎

အိပ်နေတဲ့ ကိုကိုနှစ်ယောက်က ဒီတိုင်း ငြိမ်ငြိမ်လေး အိပ်နေတာကိုက ကြည့်မဝတာမလို့ ငါးမိနစ်လောက်တော့ ကြည့်နေမိသေးသည်။
ကံကောင်းချက်ကတော့ ကြမ်းပြင်ပေါ်မှာအဆင်သင့်တွေ့ရတဲ့ Yoga map ပါပဲ။
ကျွန်တော့်အတွက် ခင်းပေးထားသလားအောက်မေ့ရတယ် အဆင်သင့်လိုက်ပုံများ...

*တစ်ညလောက် ခွင့်မတောင်းဘဲ တည်းခိုမိလို့ ခွင့်လွှတ်ပေးကြပါ ကိုကိုတို့ရေ*

ဘယ်သူသိမှာလဲ အဲ့ဒီတစ်ညကို အစပြုပြီး တစ်သက်လုံး ကိုကို့ဘေးနားလေး နေခွင့်ရမယ့် အကြောင်းဖန်လာမယ်ဆိုတာ။
ဒါက " ကံနဲ့လူမပူနဲ့ " ဆိုတာလိုမျိုးလား။
ကံကြမ္မာက ဖန်တီးပေးတဲ့ " ရေစက်လှလှလေး" များလား။

☀︎︎☀︎︎☀︎︎☀︎︎☀︎︎☀︎︎☀︎︎☀︎︎☀︎︎

မနက်မလင်းသေးခင် ထိုအခန်းထဲကနေ ထွက်လာလိုက်ပြီး တောင်ပေါ်တစ်နေရာမှာ ဟိုကြည့်ဒီကြည့်လုပ်နေတုန်း ကျောင်းသားတစ်ချို့ တောင်ပေါ်တက်လာတာတွေ့တော့ ညက‌ တည်းခိုခဲ့တဲ့ အခန်းက ကိုကိုများပါမလားဆိုပြီး သစ်ပင်အကွယ်ကနေ ‌ခဏ စောင့်ကြည့်နေခဲ့မိသည်။

Você leu todos os capítulos publicados.

⏰ Última atualização: Dec 20, 2023 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

The Sun From WonderlandOnde histórias criam vida. Descubra agora