Part - 3

297 53 21
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞 ☼︎

နံနက်ခင်းဝေလီဝေလင်းမှာ အနည်းငယ် အချမ်းပိုလာတာကြောင့် ကျွန်တော် လန့်နိုးလာသည်။

မျက်လုံးဖွင့်ဖွင့်ချင်း ညက ကျွန်တော့်ရွက်ဖျင်တဲဆီ မိုးလာခိုတဲ့ အကောင်ပေါက်လေးကို သတိတရနဲ့ အရင်ဦးဆုံး ရှာမိသည်။

ထိုအကောင်ငယ်လေးက ဘယ်ကတည်းက နိုးနေတယ်မသိပေမယ့် ကျွန်တော့်ကို သေချာကို စိုက်ကြည့်နေသည်။

ကျွန်တော် ထထိုင်လိုက်တော့ ကျွန်တော်နဲ့မျက်နှာချင်းဆိုင် ထိုအကောင်လေးဘေးမှာ ထားထားတဲ့ ကျောပိုးအိတ်အနောက်နားလေးက အကွယ်ဆီ ဝင်ပုန်းလိုက်သည်။

ညက မိုးရေသုတ်ပေးနေတုန်းက ကြောင်လေးလို ခေါင်းလေးတိုးဝှေ့နေတာ သူမဟုတ်တဲ့အတိုင်း....

ကျွန်တော် သဘောတကျ ရယ်မိတော့
ထိုအကောင်ငယ်လေးက အရည်လဲ့နေတဲ့ မျက်လုံးအပြူးသားနဲ့ ကျောပိုးအိတ်အကွယ်ကနေ ချောင်းကြည့်နေပြန်သည်။

*ဘာလဲကွာ...ဒီပေါက်စလေးက *

ကျွန်တော်က စိုက်ကြည့်နေသလို သူကလည်း စိုက်ကြည့်နေသည်။

*ဪ....အကြည့်ချင်းပြိုင်တာလား မင်းက*

ထိုအကောင်ပေါက်စလေးကို အနားတိုးလာဖို့ခေါ်ချင်ပေမယ့် ဘယ်လိုခေါ်ရမလဲဆိုတာ အတော်စဉ်းစားရကျပ်သည်။

မြောင်ဆိုရင်လည်း "မီမီ...မီမီမီ..."
အာဝုဆိုရင်လည်း လက်ဖျောက်တီးပြီး " အွတ်အွတ်....အွတ်အွတ်..."

ခုသူ့ရှေ့က မြေခွေးပေါက်စကိုကျ သူဘယ်လိုခေါ်ရပါ့မလဲ။

ကမ္ဘာပေါ်မှာ မြေခွေးခေါ်နည်း သိတဲ့သူရှိရင် ချက်ချင်းသာ တပည့်အဖြစ်လက်ခံဖို့ ပြောပစ်လိုက်ချင်တော့သည်။
တကယ်ကို ဘယ်လိုခေါ်ရမှန်းမသိဖြစ်နေရသည်။

" နေဦး.... Zootopia ထဲမှာ "ညအူကောင်" ဆိုပြီးခေါ်တဲ့ "ဝံပုလွေ" တွေက သူတို့ရှေ့မှာ အူရင် မနေနိုင်ကြဘူးဆိုတာ ကြည့်ဖူးတယ်၊
မြေခွေးတွေကရော အဲ့လိုပဲလား"

မတတ်နိုင် တတ်သလောက်မှတ်သလောက်နဲ့ စမ်းကြည့်ရမှာပဲ။

အကျယ်ကြီးလဲ အသံမထွက်ရဲပါ၊ တော်ကြာ ဘေးကပ်ရပ် ရွက်ဖျင်တဲက ‌Jay က အသံကြားလို့ နိုးသွားပြီး ကျွန်တော့်ကို လူစင်စစ်ကနေ "ဝံပုလွေ" စိတ်ပေါက်တယ်ထင်နေသွားမှာက ကြောက်ရသေးသည်။

The Sun From WonderlandWhere stories live. Discover now