Part - 2

276 51 2
                                    

𝐔𝐧𝐢𝐜𝐨𝐝𝐞 ☼︎

စိမ်းဝါရောင်ပြေးနေသည့် မြက်ပင်နုနုလေးများက မနေ့ညကရွာထားသော မိုးကြောင့် တစ်သွေးတစ်မွေးလှပနေလေသည်။
မြေသင်းနံ့က နှာခေါင်းဝတွင် ကလူကျီစယ်နေခြင်းကို နှစ်ခြိုက်စွာပြုံးမိလိုက်သည်။
နံနက်ခင်းအာရုဏ်တတ်ချိန်ရဲ့ သဘာဝရှုခင်းက လှပတဲ့ ပန်းချီကားတစ်ချပ်လိုပင်။

ကျွန်တော်တို့ ကျောင်းသားတွေလည်း စခန်းချမယ့် နေရာကိုရောက်တော့ ရွက်ဖျင်တဲ ဆောက်လုပ်ဖို့ အလုပ်များနေကြသည်။

"Yah, Park Sunghoon !
သူများတွေ ရွက်ဖျင်တဲဆောက်နေကြပြီ၊ မင်းက မတ်တပ်ရပ်ပြီး ဘာတွေပြုံးနေတာလဲ "

ကိုယ့်အတွေးနဲ့ကိုယ်မျောနေတာကို Jay က ရုတ်တရက် လှမ်းအော်ပြောမှ အသိပြန်ကပ်သွားရသည်။

"သဘာဝတရားရဲ့အလှအပကို ခံစားနေတာလေကွာ "

Smirk တစ်ခု ပစ်လွှတ်လိုက်ပြီး အများနည်းတူ ရွက်ဖျင်တဲ ဆောက်ရန် ပြင်ဆင်ရတော့သည်။

ဤနေရာက အတော်လေးသာယာသည်။
ကျောင်းသားအားလုံးအတွက် လုံလောက်တဲ့ အကျယ်အဝန်းလည်းရှိသည်။
အခုရောက်နေသည့် စခန်းချရာနေရာမှာ တောင်ထိပ်ရဲ့ အောက်နားမှာရှိသည်။

ဟိုးအရင် စီနီယာတွေလည်း ဒီနေရာတွင်သာ စခန်းချလေ့ရှိပြီး ဒီတောင်တန်းကိုပဲ လေ့လာရေးခရီးလာခဲ့ကြသည်ဟု ဆရာက ခရီးမစတင်ခင်ကပင်ပြောခဲ့ဖူးသည်။

ဒီတောင်တန်းရဲ့အခြားတစ်ဖက်မှာ ဘာတွေရှိမလဲဆိုတာကလည်း စိတ်ဝင်စားစရာပေ။

တောင်ထိပ်ကနေ လှမ်းကြည့်ရင် ဘာတွေမြင်ရမလဲ သိချင်နေတဲ့ Sunghoon က တောင်ထိပ်ကို တစ်ယောက်တည်းထွက်လာခဲ့လိုက်သည်။

တောင်ထိပ်နားရောက်လေ မြူတွေက အုံ့ဆိုင်းလာလေဖြစ်ပြီး
မြူဖွေးဖွေးတွေက တဖြည်းဖြည်း ထုထည်ကြီးမားလာပါတော့သည်။

တိမ်တွေကြားထဲများရောက်သွားလေသလားတောင် ထင်မှတ်ရလောက်သည်။

တိမ်တွေနေတဲ့အရပ်ဆိုတာကို ကိုယ်တိုင်ရောက်ရှိနေရသလိုမျိုး ~

ထိုစဉ် ....

အရိပ်သေးသေးလေးတစ်ခု အနားကနေဖြတ်ပြေးသွားသလိုခံစားလိုက်ရသည်။

The Sun From WonderlandWhere stories live. Discover now