Part - 4

267 52 12
                                    

Unicode ☼︎

Express Car များသည် တငြိမ့်ငြိမ့် ရွေ့လျားနေပြီး
မှိုင်းညှို့ညှို့ရာသီဥတုက
မကြာမီ ပြိုတော့မလို မိုးသားမိုးလိပ်များ တရိပ်ရိပ်တက်လာနေသည်။

ထိုကားများသည် သူတို့၏ဇာတိချက်ကြွေ မွေးရပ်မြေ Seoul မြို့ဆီသို့ ဦးတည်မောင်းနှင်နေရ၍ တက်ကြွနေသလောက် ကားထဲမှ ကျောင်းသားများကတော့ မနက်စောစောထရသည်ကတစ်ကြောင်း မိုးညိုနေတာကတစ်ဖုံဖြင့် အိပ်ငိုက်သူကငိုက်၊ အိပ်ပျော်နေသူက အိပ်ပျော်နေကြသည်။

ထိုကျောင်းသားများထဲမှ အသားဖြူဖြူ၊ အရပ်ရှည်ရှည်နဲ့ ကောင်လေးသည်လည်း ကားပြတင်းပေါက်မှန်ကိုမှီကာ အိပ်ငိုက်နေသည်ထင့်...

အိပ်တစ်ဝက်နိုးတစ်ဝက်ပေမယ့် လက်ထဲက ကျောပိုးအိတ်လေးကိုတော့ လွတ်ထွက်သွားမှာစိုးသည့်အလား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလေသည်။

                                             
                 ❄︎❄︎❄︎❄︎❄︎❄︎❄︎❄︎❄︎❄︎❄︎❄︎

" Sunghoon, Sunghoonie ..."

"ဟင်..."

"ထတော့ Soul ရောက်နေပြီ "

Jay အသံကြားတော့ Sunghoon သည် ကားပေါ်တွင် အိပ်ပျော်နေရာမှ နိုးလာသည်။
ကားပေါ်ကမဆင်းခင် ပထမဆုံးပြုလုပ်လိုက်သည်က
ဇစ်ကို အကုန်ပိတ်မထားဘဲ အနည်းငယ် ဟ ထားတဲ့ ကျောပိုးအိတ်ကို အသာလေး ဖွင့်ကြည့်လိုက်ပြီး တစ်ခုခုကိုပါမပါ စစ်‌ဆေးလိုက်သည်။


                 ❄︎❄︎❄︎❄︎❄︎❄︎❄︎❄︎❄︎❄︎❄︎❄︎



Sunghoon အိမ်ပြန်ရောက်တော့ အိမ်ကပါပီလေး ဂါအူးလ်က အမြီးဖြူဖြူလေး ယမ်းကာယမ်းကာဖြင့် ဆီးကြိုနေလေသည်။

မတွေ့ရတဲ့ နှစ်ရက်သုံးရက်အတွင်း အလွမ်းသယ်ချင်နေတဲ့ အချစ်ကလေးရဲ့ ခေါင်းကို အသာလေးပွတ်ပေးလိုက်တော့
လူဆီ အလိုက်သင့် ‌တို့ဝှေ့လာပြန်သည်။

ကျောပိုးအိတ် ခပ်ဟဟလေးကို လွယ်ထားရင်း ဂါအူးလ်နဲ့ အလွမ်းသယ်ပြီးနောက် သူ့ရဲ့အခန်းဆီသို့ ဦးတည်လိုက်ပါတော့သည်။

အခန်းထဲထိ ဂါအူးလ်က လိုက်လာချင်နေပေမယ့် မရင်းနှီးသေးတဲ့ အရာလေးကို ချက်ချင်းမတွေ့စေချင်သေးတာကြောင့်
မခေါ်ဘဲ အခန်းပြင်မှာပဲ ထားခဲ့လိုက်သည်။

The Sun From Wonderlandजहाँ कहानियाँ रहती हैं। अभी खोजें