Ep.1

8.6K 478 37
                                    

"ကလင် ကလင်"

ရင်းနှီးနေသောစက်ဘီးသံကြောင့် တမင်သတ်သတ်အနောက်ကိုလှည့်မကြည့် ၊ အနောက်ကရိသဲ့သဲ့နဲ့ပြောနေသောစကားများဟာ ပုံမှန်ကြားနေရသောသူ့အတွက်မထူးဆန်းတော့ပေ ။

"ဆရာရှောင်း စားလို့ရပြီလား"

စကားကိုအဓိပ္ပါယ်ရှင်းအောင်မပြောသည့်နေရာမှာလည်းသူဆရာကျပါသည် ။

သူသည်ဝမ်မျောက်မျောက်တဖြစ်တဲ့ဝမ်ရိပေါ်ဖြစ်သည် ။

တစ်လမ်းလုံးစကားပြောပြီး ဆိုင်ရှေ့ရောက်သည်အထိ မရပ်မနားပြောနေသောသူ့အသံမှာ တကယ်ကျက်သရေမရှိသည်ကိုသူမသိ ၊ ဒါဟာမနက်တိုင်းအစာရှာထွက်တဲ့ကျီးကန်းတစ်သိုက်အာသည့်အသံထက်နားထောင်ဆိုးသည် ။

"See you soon"

နှုတ်ဆက်ကာဆိုင်ထဲဝင်သွားသောသူ့ကိုခေါင်းတစ်ချက်ငြိမ့်ပြပြီး လေးစားမှုပေးလိုက်သည် ။ ဒီနေ့ရာသီဥတုကောင်းတာမို့ ပေါင်မုန့်မြန်မြန်လုပ်ရမည် ။
ရာသီဥတုကောင်းတဲ့နေ့ဆိုရွာထဲကလူတွေ လာစားကြတာများသည်။

ပေါင်မုန့်တစ်မျိုးကို၁၀ခုလောက်ဆီဖုတ်ပြီးနောက် အချိန်က၇နာရီစွန်းစွန်းပင် ၊ မကြာခင်လူကျတော့မှာကြောင့်ဆိုင်မှာလိုအပ်တာတွေအဆင်သင့်ပြင်ထားပြီး
ဟိုဘက်ဆိုင်ကဝမ်မျောက်မျောက်တို့အတွက် ပါဆယ်ထုတ်ပြီးဖယ်ထားလိုက်သည် ။

"တနင်္လာနေ့မနက်ခင်းလေးကို နှင်းဆီအဝါလေးနဲ့အစပြုပါ ဆရာရှောင်း"

နှင်းဆီဝါတွေကိုပွေ့ပိုက်လို့ရောက်လာတဲ့ဝမ်မျောက်မျောက်ကပြုံးလို့ရွှင်လို့

"မင်းလာမှလာပါတော့မလားလို့ ဟိုမှာပါဆယ် ယူသွားလို့ရပြီ"

"Milk teaပါတယ်မလားဟင် ကောင်းကောင်းလေးနော် "

မနက်တိုင်းMilk Teaသောက်တတ်တဲ့သူ့အကျင့်
ကိုကိုယ်အသိဆုံးပင်။

"ဖျော်ပြီးမှလာပြောလည်းငါပြန်ပြင်မပေးပါဘူး"

"ဝမ်ကစတာကို ဆရာရှောင်းတို့ကစိတ်ကြီးပဲ"

"ရိပေါ်မင်းအားနေလား ငါဈေးရောင်းရဦးမယ် သွားတော့"

"ဒီနေ့ရှောင်ချန်းမလာသေးဘူးမလား ခုံတွေကျွန်တော်ခင်းပေးမယ်လေ"

You Are Mine(completed)Where stories live. Discover now