Ep-10

2.6K 233 18
                                    

"ကျန့်ကောကလည်းမနေ့ကလည်းအဲ့အိမ်သွားပြီးပြီလေဘာလို့သွားမှာတုန်း"

"ညစာကျွေးချင်လို့တဲ့ မင်းလိုက်ရင်တော့ငါ့ကောင်လေးဆိုပြီးမိတ်ဆက်ပေးမလို့ မင်းမလိုက်ချင်လည်းနေပါ"

"ဟာ လိုက်မှာပေါ့ ကျန့်ကောကိုတစ်ယောက်ထဲလွတ်စရာလား"

"စောင့်နေဦး ခဏနေသွားမယ်"

မီးဖိုချောင်ထဲဝင်သွားတဲ့ကျန့်ကောကြောင့် မျက်နှာရှုံ့မိသည် ။ အားနေအဲ့အခန်းထဲပဲဝင်နေတာ လူကိုကြတော့တစ်ယောက်ထဲထားပြီးတော့ ။
ပျင်းပျင်းနဲ့မနေ့ကpostကိုဝင်ကြည့်တော့ မန့်များစွာကထင်ကြေးပေးနေသည်က ရည်းစားရသွားပြီလား
ဆိုတဲ့မန့်များသာ ။

*ကျွန်တော်ကောင်လေးရနေပါပြီ ။သူ့ကြောင့်ပဲကျွန်တော်ပြန်လာတာမို့ သူ့ကိုကျွန်တော့်လိုပဲလေးစားချစ်ခင်ပေးကြပါ*

Postတစ်ခုတင်အပြီးဖုန်းပိတ်လိုက်ကာ ချစ်ရသူကိုလှမ်းကြည့်နေမိသည် ။ ကျွန်တော့်အတွက်အရာအားလုံးပြည့်စုံနေပြီ ၊အိမ်ကသာသဘောတူရင်ပေါ့။

****

"နောက်ဆုံးတော့ပြီးသွားပြီ"

တစ်ညနေခင်းလုံးမီးဖိုချောင်ထဲမှာချက်ပြုတ်နေရတာ
ကြောင့်Mister.Wangတစ်ယောက် ခြေကုန်လက်ပန်းကျကာ ဆိုဖာပေါ်ထိုင်ချမိတော့သည် ။အိမ်သူသက်ထားချစ်ဇနီးကတော့အခုထိအခန်းထဲကနေ
ထွက်မလာသေးပေ ။

"ပြီးသွားပြီလား ရှင်ရေချိုးဦးလေ"

"တော်ပါပြီ"

"သားကောင်လေးရှေ့မှာနိမ့်ကျတဲ့ပုံမပြစမ်းနဲ့"

ဟွန့် ညနေကငါအဲ့ကောင်လေးဆိုင်သွားတဲ့ပုံသာ
သိရင်ဖြစ်သွားမယ့်မိန်းမမျက်နှာကြီးကို တွေးကာရယ်မိသည် ။

"အန်ကယ်ကျွန်တော်တို့ဝင်လာမယ်နော်"

အသိပေးအသံနှင့်အတူ ဝင်လာတဲ့ကောင်လေးရဲ့
အနောက်ကနေသစ်သီးခြင်းလေးကိုင်ကာ လိုက်လာတဲ့သားဖြစ်သူကသူတို့ကိုတွေ့တော့အံ့သြလို့မဆုံး။

"ထိုင်ကြလေ"

တိတ်ဆိတ်နေသောထမင်းဝိုင်းက အချိန်ကြာမြင့်စွာ
တိတ်ဆိတ်နေဆဲ ။ လူကြီးတွေဘက်စပြောသည်မှာ
အဆင်မပြေဖြစ်နိုင်တာမို့ ရှောင်းကျန့်သာစကားစ
လိုက်သည် ။

You Are Mine(completed)Where stories live. Discover now