"ရှောင်ရှောင်း ကားရောက်ပြီ""ကျန်းမာရေးဂရုစိုက်ပါ"
ဟိုနေ့ကမှရောက်တဲ့ဂေဟာမှူးအသစ်ကို နှုတ်ဆက်ပြီးတောင်ပေါ်မြို့လေးကို သွားမယ့်ကားပေါ်သူတတ်လိုက်သည် ။အနေအေးတဲ့သူ့ကို ဂေဟာမှူးကပထမဆုံးနှင်းကျတဲ့နေ့မှာ မွေးစားခဲ့တယ်တဲ့ ၊ အပေါင်းအသင်းခုံခုံမင်မင်မရှိတာမို့ အားတဲ့အချိန်တိုင်းကိုစာဖတ်ခြင်းဖြင့်သာ ကုန်ဆုံးခဲ့သည် ။ မုန့်လုပ်ရာမှာတော်တဲ့ဂေဟာမှူးက သူ့ကိုလည်းမုန့်လုပ်ပညာကိုသင်ကြားပေးခဲ့သည် ။
ဂေဟာမှာအတောင်စုံတဲ့ကလေးတိုင်း ဂေဟာကထွက်သွားပြီး ကိုယ့်ခြေထောက်ကိုယ်ရပ်တည်ကြရသည် ။ အသက်ကြီးလာတဲ့ဂေဟာမှူးကသူ့ကိုတော့
ထွက်သွားခွင့်မပြုတာကြောင့် ဂေဟာမှာသာနေပြီး
အချိန်ပိုင်းအလုပ်တွေလုပ်ရင်း ဂေဟာမှူးကိုစောင့်ရှောက်ခဲ့သည် ။ရသမျှပိုက်ဆံကိုစုပြီး ဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့ရည်ရွယ်ချက်ကို ဂေဟာမှူးကသဘောကျခဲ့သည် ။ ဂေဟာမှူးမဆုံးခင်ပေးခဲ့သော မြေကွက်လေးကိုသူလုံးဝသွားမကြည့်ခဲ့ ၊အခုဂေဟာမှူးဆုံးပြီးအသစ်ရောက်လာတဲ့ဂေဟာမှူးကြောင့် သူလည်းဒီနေရာကထွက်သွားသင့်ပြီဟုထင်မိသည် ။သူတို့ဂေဟာကနေမွေးစားခံလိုက်တဲ့ ရှောင်ချန်းဆိုတဲ့ကောင်မလေးက မတွေ့ရတဲ့အချိန်အတွင်းတော်တော်ထွားလာပြီဖြစ်သည် ။ မြေကွက်ကိစ္စအကုန်သူ့ဆီအပ်ခဲ့တဲ့ဂေဟာမှူးကြောင့် သူနဲ့ရှောင်ချန်းအဆက်အသွယ်ရှိခဲ့သည် ။ တစ်ခါမှမရောက်ဖူးသေးသောမြေကွက်လေးက တောင်ပေါ်မှာအထီးကျန်စွာရှိနေသည်။ မြေကွက်အရှေ့နားမှာဖွင့်ထားတဲ့ပန်းဆိုင်လေးအကြောင်းကိုလည်း သူရှောင်ချန်းဆီကကြားပြီးပြီ၊
ထင်ထားတာထက်ကိုအမြင်အေးစေတဲ့အပြင်အဆင်
ကြောင့်ဆိုင်တွင်းလူများနေသည် ။"ကောကျန်းဆိုင်ကအရင်ကအဲ့လောက်လူမများဘူး
အခုမှအသစ်ရောက်လာတဲ့ဝမ်ရိပေါ်ကြောင့်လေ""ဝမ်ရိပေါ်"
"ဟုတ်တယ် သူကအရမ်းကြည့်ကောင်းတာပဲ
ရှောင်ချန်းတောင်သူ့ကိုကြိုက်နေတာ ဟီး"ရှောင်ချန်းရဲ့အပြောကြောင့် ကောင်တာမှာအလုပ်များနေတဲ့ကောင်လေးနှစ်ယောက်ကို သူကြည့်မိသည်။ ငယ်ငယ်လေးတွေသာရှိပုံပေါ်မယ့် ကောင်လေးတွေကြောင့်ဆိုင်ရောင်းကောင်းတယ်ဆိုတာ
ဖြစ်သင့်ပါတယ် ။ ဈေးဝယ်သူတွေကိုတံခါးဖွင့်ပြီးအပြင်လိုက်ပို့တဲ့ထိ customer service ကောင်းသလားဟုတောင်တွေးမိသည် ။
YOU ARE READING
You Are Mine(completed)
Fanfiction"ပေါင်မုန့်ပဲလား ဆရာရှောင်းကိုရောစားလို့မရဘူးလား" "ပန်းရောင်းတာလား ဖွန်ကြောင်နေတာလားဝမ်ရိပေါ်" ********* "ပေါင်မုန့်ပဲလား ဆရာရှောင်းကိုရောစားလို့မရဘူးလား" "ပန်းရောင်းတာလား ဖွန်ကြောင်နေတာလားဝမ်ရိပေါ်" Start -28/7/2021 End-11/12/2021