CHAPTER 45 - Not allow to refuse

9.4K 1.7K 199
                                    

Unicode
(ဟိုအပိုင်းကခွက်ထဲမှာလက်ဖက်ရည်ပါတယ်တဲ့)

ရှန်းလီငယ်ငယ်လေးထဲကအားလုံးဟာသူ့လက်ခုပ်ထဲကရေလိုပဲ။ သူ့ကိုလိုက်တဲ့ alpha တွေအများအပြားရှိပီး သူတို့အားလုံးကသူပြောတာကိုနာခံကြတယ်။ ဘယ်သူကမှသူ့အပေါ်ကိုဆိုးဆိုးရွားရွားမဆက်ဆံကြဘူး။

သူကလည်ပင်းလေးပုထားပီး ဒေါသထွက်တာကြောင့်ရော ကြောက်ရွံ့တာရောကြောင့်ပါမျက်နှာကရဲနေတယ်။ သူကအလိုလိုက်ဂရုစိုက်ခံထားရတဲ့အတွက် အသားကအရမ်းဖြူတယ်။ ဒီလိုရဲနေတဲ့သူ့ပုံစံလေးကသနားကြင်နာချင်စိတ်ပေါက်စေတယ်။

စုန့်ရီက omega လေးတွေသူ့ကိုဒီလိုပုံစံမျိုးကြည့်လာရင် တောင့်ခံနိုင်တာမဟုတ်ဘူး။ သူ့စိတ်ကပျော့ပြောင်းသွားပီး ဂရုဏာသက်မိတယ်။ သူကကုရှင်ချွမ်းရဲ့တီရှပ်အင်္ကျီနောက်ကျောလေးကိုဆွဲပီး ညင်ညင်သာသာပြောလိုက်တယ် "ငါငါးပေါင်းစားချင်တယ်"

ကုရှင်ချွမ်းကသူ့ကိုမျက်လုံးမှေးကာလှည့်ကြည့်ရင်း ထိုင်ချကာ စုန့်ရီပန်းကန်လုံးလေး​ထဲကိုငါးပေါင်းကိုခါးသက်သက်နဲ့ထည့်ပေးတယ် "စားလေ"

စုန့်ရီခေါင်းလေးငုံ့ပီး တစ်ရှူးတချို့ဆွဲယူကာ သူ့ကိုယ်ပေါ်ကလက်ဖက်ရည်စက်တွေကို သေသေချာချာသုတ်လိုက်တယ်။ သူ့မျက်တောင်မွှေးလေးတွေကတုန်ခါနေပီး နှုတ်ခမ်းတွေကလဲ အသက်ရှူလိုက်တိုင်းတုန်ရီနေကာ ခန္တာကိုယ်ကလဲမြင့်ချည်နိမ့်ချည်လှုပ်ရှားနေတယ်။

ခနကြာတော့ ချွေးသံတရဲရဲနဲ့ကျိုးမော့ချွင်ကပြန်လာတယ်။ နွေရာသီရဲ့ပူပြင်းလှတဲ့အပူချိန်ကြောင့် သူ့ခေါင်းထဲမှာပူလောင်နေတယ်။ အအေးနှစ်ဗူးကိုသူစားပွဲပေါ်မှာတင်လိုက်တယ်။

"ရှောင်လီ မင်းလိုချင်တဲ့သံပုရည်ရည်"

သူက fruit tea တစ်ဗူးကိုစားပွဲပေါ်ကဆုံလည်လေးပေါ်တင်လိုက်တယ်။ သူကစုန့်ရီကိုတစ်ချက်ကြည့်ပီး နှုတ်ခမ်းလေးတွေလှုပ်သွားကာ တည်တည်ငြိမ်ငြိမ်ပြုံးပြတယ် "sugar-free ဟုတ်တယ်မလား?"

စုန့်ရီအံ့အားသင့်သွားပီး ဗူးထဲကပန်းပွင့်လေးတွေနဲ့ အသီးတွေကိုကြည့်ကာ ငြင်းဆန်သလိုခေါင်းခါလိုက်တယ်။ သူကသူ့ဘေးကလက်ဖက်ရည်ခွက်ကိုလက်ညှိုးထိုးပြကာ "​ကျေးဇူးပါ မသောက်တော့ဘူး ဒါပဲသောက်တော့မယ်"

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now