Part 1

118 9 4
                                    

"ကိုကို အကျင့်မယုတ်နဲ့ မေသူ့ကိုပြန်ပေးလို့!!
"ဟား ဟား...လိုချင်ရင် ရအောင်လိုက်ယူလေ.."

ခြံထဲမှာ သူ့ညီမကို စနောက်နေတဲ့ သူရိန်ရှင်းနဲ့ ငိုတော့မည့် မျက်နှာထားနဲ့ မေသူဇော်တို့ကို ကြည့်ကာ သူရဇော် ပြုံးမိသည်။

"ပြန်ပေးလို့ ...အီးဟီး....."

မေသူလေး ထငိုတော့ သူရ အငြိမ်နေလို့မရတော့

"ရှိုင်းရေ၊ ညီမလေးကို မစပါနဲ့တော့ သူ့အရုပ်လေး ပြန်ပေးလိုက်ပါကွာ"

ပါးပါးဖြစ်သူကို မြင်တော့ မေသူ ပြေးလာကာ "ပါးပါး အီးဟီး ကိုကိုက အကျင့်မကောင်းဘူး"
ဟုဆိုကာ ဖက်ငိုနေလေရဲ့။ဒါကို ခုထိ ရှိုင်းက အရုပ်ကိုပြန်မပေးဘဲ သူ့ညီမကို လျှာထုတ်ပြောင်နေလေရဲ့။
"အီးဟီး...ပါးပါး  ကိုကိုက မေသူ့ကို လျှာထုတ်ပြောင်နေတယ်။"
သူရတစ်ယောက် ခေါင်းရမ်းလျက်
....တကယ်ပါဘဲ။ဒီ ရှိုင်းကတော့လေ ဘယ်သူ့တူလို့ ဒီလောက် မျက်နှာရူးမှန်းမသိဘူး။အော် ငါ့တူလို့ဖြစ်ရမယ်🥴။......

ထိုစဥ် "တီ တီ ...ကျီ"
"ဟေး....ဒယ်ဒီပြန်လာပြီ"

ကောက်ခါငင်ကာ သူ့ကိုဖက်နေရာက ထပြေးကာ ကားဆီရောက်သွားတဲ့ မေသူနဲ့ အရုပ်ကိုပစ်ချကာ ပြေးသွားတဲ့ ရှိုင်းတို့ကို ကြည့်ကာ သူရပြုံးမိသည်။တကယ့်ဟာလေးတွေ ရန်ဖြစ်တယ်၊ပြီးတော့ ၅မိနစ်တောင်မခံ၊ပြန်တည့်ကုန်တယ်။

ကားပေါ်က ဆင်းဆင်းချင်း သူ့ဆီပြေးလာတဲ့ သားနဲ့ သမီးကို ပွေ့ချီကာ သူ့ပါးကို လာနမ်းတဲ့ ချစ်ရသူကြောင့် သူရ မျက်နှာလေး ရဲကနဲဖစ်သွားသည်။ဘာကြောင့်လဲ မေးရင် ကလေးတွေနဲ့လေ၊ရှက်စရာကြီး😣။

ဧည့်ခန်းထဲမှာ သူ့ဒယ်ဒီ၀ယ်လာတဲ့ ကြက်ကြော်နဲ့ ဘာဂါ စားနေကြတာများ ပါးပါးဖြစ်သူကိုတောင်သတိမရကြ။ဟော အများကြီးကို လူနေကြပြန်ပြီ။
"ဟေ့ မောင်နှမ၂ယောင် လုနေရင် ပါးပါးအကုန်စားပစ်မှာနော်"

သူရ ၀င်ငေါက်မှ ငြိမ်သွားလေရဲ့။မလုကြတော့သော်လည်း မျက်နှာကြီးတွေက ရှစ်ခေါက်ချိုး။

မီးဖိုထဲ၀င်ကာ ရေချိုးနေသော ချစ်ရသူအတွက် ထမင်းခူးကာ စောင့်နေရင်း သူရတွေးမိသည်။ဒီကမ္ဘာမှာ သူ့လောက် အိမ်ထောင်ရေးကံကောင်းသူရှိပါတော့မလား။

ချစ်နေသေးသည်...သို့သော်... (ချစ်နေသေးသည်....သို့သော်....)Where stories live. Discover now