Part 2

37 4 0
                                    

"ဟဲ့ သား မအိပ်သေးဘူးလား။"

ရွာထဲက လူတွေနဲ့ ဘုန်းကြီးကျောင်းမှာ စကားစမြည်ပြောနေတာကနေ ပြန်လာတဲ့မိခင်က ဖုန်းကြည့်နေသော သူရကို  မေးလိုက်ခြင်းဖြစ်သည်။

"အိပ်တော့မှာပါ မေမေ။သားက ဒီနေ့ဘာသင်လဲဆိုတာ သူငယ်ချင်းကို မေးနေတာပါ။"

"အော် အေးအေး ညမနက်စေနဲ့နော်။"

"ဟုတ်ကဲ့ မေမေ"

မိခင်ဖြစ်သူက ၂ထပ်အိမ်လေးရဲ့အပေါ်ကိုတက်သွားမှ သူရ ဖုန်းထဲက စာတွေ တစ်ချက်ကြည့်လိုက်သည်။

ဇာတိရွာဟာ ရွာဆိုပေမဲ့ အရမ်းကြီး ခေတ်နောက်မကျပါ။မန္တလေးမြို့လောက် မဖွံ့ဖြိုးပေမဲ့ မီးရပြီးဖြစ်သလို ကားလမ်းလဲပေါက်ပါသည်။

"တောင်"

ညီ မအိပ်သေးဘူးလား။

အကို့ဆီမှ Messageဖြစ်သည်။

ဟုတ် အိပ်တော့မှာပါ အကို။ခန ဖုန်းကြည့်နေတာ။မနက်ကျ ၅နာရီလောက် ထပြန်မှာဆိုတော့ အစောထ ရမှာမို့။

အော် အာ့ဆို ခနနေကျ အိပ်တော့နော်။မနက်ကျ အစောထရမှာနဲ့။အကိုလည်း အိပ်တော့မှာ။

ဟုတ်ကဲ့ အကို။

အင်း အင်း goodnightနော် ညီ။

ဟုတ် goodnight အကို။

သူရလည်း အကိုနဲ့ စကားပြောပြီး ဖုန်းကို လိုင်းပိတ်ကာ အိပ်ရန် အိမ်အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။

စောစောအိပ်ရန် ကြံလိုက်သော်လည်း တော်တော်နဲ့အိပ်မပျော်။ဟုတ်တယ်လေ။သူရမှ စောစောအိပ်တတ်တဲ့ အကျင့်မရှိတာ။

အိပ်မရ၍  သူရ ဖုန်းသုံးရန်သာ ကြံလိုက်သည်။
အချိန်က ၉နာရီသာရှိသေး၍ တော်တော်များများ လိုင်းပေါ်မှာ ရှိနေသေးသည်။သူရလည်း လိုင်းသုံးချင်စိတ်လည်း မရှိတာမို့နားကျပ်လေးတပ်ကာ Youtubeမှာ downဖို့ သီချင်းကောင်းကောင်းလေးတွေ ရှာနေလိုက်သည်။

"တောင်"
Messengerမှ notiသံ။

ဟေ့ ဘယ်လိုလဲ စာတွေက ကြည့်ရုံနဲ့ နားလည်ရဲ့လား။

ကောင်းခန့်ကို ဆီမှ messenger၀င်လာ၍ သူရ သီချင်းရှာနေတာကို ရပ်ကာ fav song 1ပုဒ် ကောက်ဖွင့်လိုက်ပြီး စာပြန်ပို့လိုက်သည် ။

ချစ်နေသေးသည်...သို့သော်... (ချစ်နေသေးသည်....သို့သော်....)Where stories live. Discover now