Part 5

47 4 2
                                    

"ကဲ ကလေးတို့ရေ မနက်ဖန် Tutorial ရှိတယ်နော်။မေ့နေကြမယ်ဆိုးလို့။စာပြန်ကြည့်ခဲ့ကြနော်။"

"ဟုတ်ကဲ့ပါ tချယ်။"

သူရလည်း စာအုပ်တွေသိမ်းကာ Canteenဆီသွားဖို့ပြင်နေချိန်

"ဟေ့ရောင် သူရ မနက်ဖန် tutorialကျ ငါတို့၂ယောက်ကို စာပြဦးနော်။"

"နော် ဟျောင့်။"

ဘေးနားကနေ မျက်လုံးလေးကလယ်ကလယ်ဖြင့် သူရအား ပြောနေသော ကောင်းခန့်ကျော်နဲ့ အောင်ဘုန်းပြည့်။

"No no မပြပါဘူး။ကွကိုစာကြည့်ခဲ့ကြပါလား။"

သူရလည်း ခေါင်းတခါခါဖြင့် ပြောလိုက်တော့ ထိုကောင်လေး၂ယောက်က ဇီးရွက်လောက်မျက်နှာဖြင့်

"လုပ်ပါကွာ တစ်ခါတည်းပါ။ငါတို့ ကြည့်စရာစာကို စာအုပ်ထဲမရှိလို့။"

ကောင်းခန့်ကျော် စကားကို အောင်ဘုန်းပြည့်ကလည်း ခေါင်းတညှိမ့်ညှိမ့်ဖြင့်

"ဟုတ်ပါတယ်ကွာ။အတန်းလစ်တာများသွားလို့ စာအုပ်ထဲစာကိုမရှိတာ။ဒီတစ်ခါထဲပါကွာ။နောက်tutorialတွေ အဲ့လိုမဖြစ်စေရဘူး။"

သူရလည်း ထို၂ကောင် အတန်းဘယ်လောက်လစ်ကြောင်း သိသည်မို့ ပြိုင်ငြင်းမနေချင်တော့။

"အေးကွာ။ဒီတစ်ခါတည်းနော်။"

"အင်း ဒီတစ်ခါဘဲ။"

"ကျေးဇူးကွာ သားကြီး။"

သူ့အား သွား၃၂ချောင်းပေါ်အောင် ဖြီးပြနေသော သူငယ်ချင်း၂ယောက်အားကြည့်ကာ သူရ ခေါင်းကိုဘယ်ညာခါလိုက်မိသည်။ထိုစဥ်

"ဟေ့ tချယ် မှာစရာရှိသေးတယ်။"

အခန်းထဲပြန်၀င်လာသော tချယ်။

"မနက်ဖန် tutorialဖြေရင် နေရာတွေ ချိန်းမှာနော်။"

"ဟာ tချယ်ကလဲ!"
"tချယ်ကလည်း ဘာလို့ ချိန်းမှာလဲ။"
"မလုပ်ပါနဲ့ ချယ်ရယ်။"
"tချယ် ရက်စက်လိုက်တာဗျာ။"

အခန်းထဲ ကျွတ်ကျွတ်ညံသွားသော အသံတွေ။

"ဟေ့ဟေ့ အပိုတွေပြောမနေနဲ့။ချိန်းမှာဆို ချိန်းမှာဘဲ။အဲ့တော့ သူငယ်ချင်းနဲ့တိုင်ပင်ဖြေဖို့တွေဘာတွေ တွေးမနေဘဲ စာကျက်ခဲ့ကြ။"

ချစ်နေသေးသည်...သို့သော်... (ချစ်နေသေးသည်....သို့သော်....)Where stories live. Discover now