Part 3

792 5 0
                                    

"သား ဘာတွေ အဲ့လောက်တောင် စဥ်းစားနေတာလဲ။"

"အော် မေမေ၊ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး။"

"ဟုတ်ရဲ့လား သား။ကျောင်းကပြန်လာကတည်းက သားမျက်နှာ မလန်းသလိုဘဲ။ဘာပြသာနာရှိလို့လဲ။မေမေ့ကို ပြောပြလေ။မေမေဖြေရှင်းပေးမှာပေါ့။"

သူ့အား စိုးရိမ်တကြီး မေးနေသော မိခင်ကို မင်းသီဟ ပြုံးပြကာ

"ဘာမှမဟုတ်ပါဘူး မေမေရယ်၊ နားမလည်တဲ့ စာနည်းနည်းရှိလို့ပါ။ဒါပေမဲ့ မပူပါနဲ့။နက်ဖန် သူငယ်ချင်းကို ရှင်းပြခိုင်းလို့ရတယ်။"

"အော် အေးပါ သားရယ်။တခြား ပြသာနာတွေ ရှိရင်လာ်း မေမေ့ကို ပြောနော်။ ဒီသားလေးစိတ်ဆင်းရဲရင်မေမေလည်း စိတ်ဆင်းရဲမှာ။အာ့ကြောင့် မေမေ့ကို ရင်ဖွင့်။မေမေက စိတ်မဆင်းရဲရအောင် လုပ်ပေးမယ်။"

သူ့ကိုယ်သူ နတ်မိမယ်ကြီးသဖွယ် ပြောနေသော မိခင်ကို မင်းသီဟ ဖက်လိုက်ပြီး

"ဟုတ်ကဲ့ပါ မေမေ။"

"အမလေး သားအမ၂ယောက်ချစ်နေလိုက်ကြတာ။ဒီက မွေးစားသမီးပြန်လာတာကို မသိကြဘူး။"

အိမ်ထဲကို ဆူပုတ်ပုတ်နှင့် ၀င်လာကာ သူတို့ကို မျက်စောင်းထိုးနေသော သွန်းသဒ္ဒါ။

"သွန်းက ဘယ်ဆိုးလို့လဲ။ကိုယ့်ကိုယ်ကို မွေးစားသမီးမှန်း သိသားဘဲ။"

သွန်းဟာ အမြဲ မေမေက သူ့ကိုမချစ်ဘဲ ကိုကြီးကိုဘဲ ချစ်တယ်ဆိုပြီး ရစ်တတ်တဲ့ မင်းသီဟရဲ့ ညီမလေးပါ။အသက်က  ၁၄နှစ် ရှိနေပြီဖြစ်သော်လည်း ခုထိ ၅နှစ်သမီးလေးလိုဂျစ်တီးဂျစ်ကန် လူပုစိတ်တိုလေး။

"ဟွန့်!!"

မင်းသီဟ စလိုက်သည်ကို စိတ်ကောက်ကာ
မျက်နှာချင်းဆိုင်က ထိုင်ခုံမှာ ဘာမှမပြောဘဲ ဆူဆူပုတ်ပုတ်၀င်ထိုင်နေတော့ မိခင်ဖြစ်သူက ချော့ရပြန်သည်။

"သွန်းလေး ချစ်သမီးလေး။ကိုကြီးက ချစ်လို့ စတာပါကွယ်။သမီးက မေမေ့သမီးဘဲ မေမေက ချစ်တာပေါ့။တကယ်ဆို အငယ်ဆုံးမို့ သမီးကို ပိုချစ်တာ။"

မိခင်ဖြစ်သူကဘမျက်စိ၁ဖတ်မှိတ်ပြကာ တိုးတိုးလေး ကပ်ပြောတော့ ချက်ချင်းဖြီးလာသည့် သွန်းလေး။

ချစ်နေသေးသည်...သို့သော်... (ချစ်နေသေးသည်....သို့သော်....)Where stories live. Discover now