8

1.3K 163 30
                                    

မင်းကြီးဆီ တိုက်ပွဲအခြေအနေတွေ အစီအရင်ခံတင်ပြပြီး အိပ်ဆောင်ပြန်ဖို့ အနားယူရသည်။မင်းကြီးဆီတင်ပြတဲ့နေရာမှာ ရှောင်းကျန့် ချန်လှပ်ထားခဲ့တဲ့ ကိစ္စတခုက အမှတ်အသားကိစ္စ..။လင်းရီကျဲနှင့် တိုင်ပင်
ကာ လျှို့ဝှက်ဖော်ထုတ်ရပေအုံးမည်။အိမ်ရှေ့စံက လျှောက်တင်ခဲ့ရင်တော့ ပြန်လည်
ဆင်ခြေပေးနိုင်မဲ့စကားစုတို့ကိုလဲ ကြိုတင်တွေးတောထားရမည်။အိပ်ယာထက် လှဲရင်း မျက်ဝန်းတို့ကိုအနားပေးမိတော့ ကျောပြင်ဖြူဖြူလေးက ကြီးစိုးလာသည်။
မသိမသာ လာချောင်းပြီး တိတ်တဆိတ်ပြန်ထွက်သွားတဲ့ ဝမ်ကိုကိုလေးသာ ဖြစ်သည်။
နူးနူးညံ့ညံ့ပြုံးရင်းနဲ့ပဲ စစ်သူကြီးရှောင်းဟာ
အနားယူအိပ်စက်လိုက်တော့သည်။

..........................................
နောက်တစ်နေ့ နံနက်...

"အိမ်ရှေ့စံ အခေါ်ရှိတယ် ဆိုလို့ပါ"
"အော် ရောက်လာပြီလား ပထမစစ်သူကြီး
ထိုင်ပါအုံး"
"ကျနော်မျိုးကို ဘာကိစ္စများ ပြောစရာရှိလို့ပါလဲ အိမ်ရှေ့စံ"
_အိမ်ရှေ့စံ ဝမ်မင်ချောင်က ခပ်ဟဟရီရင်း
"အင်း ဒီကိစ္စလေးနဲ့ ပတ်သတ်ပြီး စစ်သူကြီးမှာများ ပြောစရာ ရှိမလားလို့ပါ"
_စစ်သူကြီး ချင်ချိုင် ရှေ့ကို ရောက်လာတဲ့
အမှတ်အသားတစ်ခုကို ရေးမှတ်ထားတဲ့
စာရွက် တစ္ခု....
စစ်သူကြီး ချင် ရဲဲ့မျက်နှာကို အကဲခတ်နေတဲ့ အိမ်ရှေ့စံက ချင်ချိုင်မျက်နှာပေါ်မှာ ထင်ဟတ်သွားတဲ့ အံ့သြထိတ်လန့်မှုတို့ကို
အသေအချာတွေ့လိုက်ရသည်။
"ပြောစရာများ မရှိလေသလား စစ်သူကြီးချင်"
"ဒီကိစ္စ ကျနော်မျိုးကို ဘာကြောင့် မေးရတာပါလဲ "
"အင်းးး ကိုယ့်တော်အထင် ဒီအမှတ်အသားက စစ်သူကြီးနဲ့ အရင်းနှီးဆုံး ဖြစ်နေမယ်လို့
ထင်ရတာကြောင့်ပေါ့..."
"ဘာလို့ အဲ့လို ထင်ရတာလဲ ဆိုရင် မြို့ထဲက တက်တူးဆရာကို အိမ်ကိုခေါ် ခင်ဗျားရဲ့
လက်အောက်ငယ်သားတွေကို တက်တူးထိုးခိုင်းတဲ့အကြောင်းကို ကိုယ်တော်သိပြီးပြီ"
"အိမ်..အိမ်.ရှေ့စံ..."
_စစ်သူကြီး ချင်က ဒီအိမ်ရှေ့စံငယ်လေးကို
ကြောက်ရွံတာ မဟုတ်ပေမဲ့ ခုလို မြန်မြန်သိသွားရတဲ့အပေါ်မှာတော့ အံ့သြထိတ်လန့်မိတာအမှန်ပင် ဖြစ်သည်။

ကြွေလွင့်သော ချယ်ရီဖြူ [COMPLETED ]Where stories live. Discover now