14

1.3K 132 12
                                    

သူ.... ရှောင်းကျန့်
ပြေးနေတယ်။မဆုံးနိုင်မဲ့လမ်းတခုကို ပန်းတိုင်မရောက်မချင်းပြေးနေရလိုပဲ။မောပန်းလာတယ်။အသက်ရှုသံတွေမြန်လွန်းလို့ ရင်ဘတ်ကြီးတောင် နိမ့်ချည်မြင့်ချည်ဖြစ်နေပြီ။မြင်မြင်သမျှအရာရာကလဲ မြူခိုးမြုငွေ့တေနဲ့ ဖုံးလွှမ်းနေတာကြောင့် ဘယ်နေရာ ဘယ်ဒေသမှာလဲ သူမသိနိုင်ဘူး။ထိုစဉ် လူရိပ်လိုလိုအရာက ဖြတ်ပြေးသွားတာကြောင့်...
"ဘယ်သူလဲ! ''
_တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာ ရှောင်းကျန့်ရဲ့ အသံက ဟိန်းထွက်လာသည်။
"ခ်ခ်ခ်ခ် ''
"ဘယ်သူလဲလို့! ''
_ဒီရီမောသံကို သူနားယဉ်နေသလိုပင်...
"ကျန့်ကျန့်! "
"မင်းသား! ''
"ကျန့်ကျန့်.. ကိုယ်တော့်ဆီလာလေ..."
".မင်းသား.. "
"ကျန့်ကျန့်ရေ...ကိုယ်တော်က ဒီမွာ... "
_နောက်ပါးဆီက အသံကြောင့် လှည့်ကြည့်မိတော့
သူ့ရဲ့ မင်းသားလေးရိပေါ်က မိုးပြာရောင်ဝတ်စုံလေးနဲ့
အလှဆုံးပြုံးပြနေသည်။
"မင်းသား. "
"ကိုယ်တော့်ဆီကို လာခဲ့လေ.. ကိုယ်တော်က ကျန့်ကျန့်ကို စောင့်နေတာ "
_မင်းသားနှုတ်ဖျားက ထြက္လာတဲ့ စကားလုံးတွေကြောင့် စစ်သူကြီးရှောင်းဟာ ဝမ်းမြောက်ဝမ်းသာနှင့်
ရှေ့တိုးမိသည်။ခြေလှမ်းသုံးလှမ်းမပြည့်ခင်မှာပင်
ဘယ်နားကရောက်လာမှန်းမသိသည့် ရဲမက်တွေက
ရှောင်းကျန့်ကို ဖမ်းဆီးလိုက်ကြသည်။
"ဘာလုပ်တာလဲ! "
_သူ့ကိုလွှတ်ကြစမ်း...သူက မင်းသားဆီသွားရအုံးမှာမို့
လွှတ်ပေးကြပါ။မင်းသားရဲ့ပုံရိပ်ကလဲ ရှောင်းကျန့်နဲ့
တဖြည်းဖြည်းဝေးလို့သွားသည်။
"မင်းသား...မင်းသားရိပေါ်.. ရိပေါ် "
_မင်းသားကို မသွားဖို့အော်ဟစ်တားပေမဲ့ မင်းသားက မျက်စိထဲက ပျောက်ကွယ်သွားချေပြီ....

"မင်းကြီး၏အမိန့်တော်...
မုယွမ်ပြည်၏တတိယစစ်သူကြီး ​ရှောင်းရှောင်ကျန့်သည် မြောက်ပိုင်းသူပုန်များနှင့်ပူးပေါင်းကာ တိုင်းပြည်ပုန်ကန်မှု၊နိုင်ငံတော်သစ္စာဖောက်မှုကို ကျူးလွန်သောကြောင့် ကွပ်မျက်စေ.....   အမိန့်!!''

"အားးးး "

................................................

အနီရောင် စွမ်းအင်လှိုင်းတွေ ပတ်ပတ်လည်ရစ်ဝဲနေတဲ့ ခန္ဓာကိုယ်တစ်ခု....
ချက်ချင်းဆိုသလို ဆွဲငင်အားပြင်းသည့် အရာတခုက ဆွဲငင်လိုက်သလို စွမ်းအင်တွေက ခန္ဓာကိုယ်ရဲ့ နှလုံးသားဗဟိုလ် တည့်တည့်ဆီ တိုးဝင်သွားသည်....

ကြွေလွင့်သော ချယ်ရီဖြူ [COMPLETED ]Where stories live. Discover now