9

1.3K 138 15
                                    

ဒီနေ့မှာလဲ စစ်သူကြီးရှောင်းဟာ ချယ်ရီပင်တွေကြားကို ရောက်လို့လာခဲ့ပြန်သည်။
"ကျန့်ကျန့် !"
" မင်းသား "
_ရှောင်းကျန့်က ခေါင်းငုံ့အရိုအသေပြုလိုက်သည်။
"ဒီမှာထိုင်... ဒါကလေ မက်မွန်ပန်းလက်ဖက်ရည် သိလား...
အနံလေးကလဲ မွှေးပြီး ကျန်းမာရေးအတွက်လဲ ကောင်းတယ် ...သောက်ကြည့် "
"အင်း"
_ဥယျာဥ်ထဲက စားပွဲဝိုင်းအပုလေးနဲ့ ခုံအပုလေးတွေမှာ ထိုင်ပြီး ဧည့်ခံနေတဲ့ မင်းသားရိပေါ်ရဲ့ မျက်နှာလေးက လန်းဆန်းနေသည်။
"ကျနော်မျိုးမတို့ မင်းသားလေးက စစ်သူကြီးကို ဧည့်ခံဖို့ မနေ့ညကထဲက ပြင်ဆင်နေတာ ... စစ်သူကြီးရေ ~
ဒါတောင် အချိုမုန့်တွေမရလို့ စိတ်ကောက်ချင်နေသေးတာ "
"အထိန်းတော်ကြီး! "
_ဘေးနားက အထိန်းတော်ကြီးရဲ့ ခပ်ပြုံးပြုံး စနောက်စကားမှာ မင်းသားက ပါးလေးနှစ်ဖက်ရဲပြီး ပြန်အော်သည်။
"ဟို.. ဒါနဲ့လေ ကျန့်ကျန့်က ဒီကို ဘာလို့ ခနခနလာနေတာလဲဟင် "
"အဟမ်း! အဟွတ် "
_သောက်နေတဲ့ လက်ဖက်ရည်တောင် သီးချင်ချင် ဖြစ်သွားရသည်။ဘာကြောင့်လာတာလဲ? ဘာကြောင့်လဲ ဆိုရင် အကြောင်းပြချက် ထပ်ပေးစရာ မရှိတော့ဘူး...။
"ဒီတိုင်း~~မင်းသားကို တွေ့ချင်လို့! "
"ဟင်! "
_အရဲစွန့်ပြီး ပြောလိုက်တဲ့ စကားမှာ မင်းသားကမျက်လုံးလေးပြုပြီး အာမေဋိတ်သံပြုသည်။
"အာ ~ ကျန့်ကျန့်လေးက ငယ်ငယ်ကလို
ဝမ်ကိုကိုနဲ့ ဆော့ချင်တာလား ဟီးးး
ဒါပေမဲ့ ကိုကိုတို့က လူကြီးဖြစ်နေပြီလေ ကျန့်ကျန့်ရဲ့"
_ရှောင်းကျန့်မှာ ဆွံ့အသွားရသည်။တကယ်ပဲ ဘယ်လိုတောင် တွေးလိုက်ရတာလဲ မင်းသားရယ်...။
"မင်းသားက ကျနော်မျိုးကို မလာစေချင်တော့လို့လား... အဲ့လိုဆို ~"
"အယ်.. မဟုတ်ဘူးလေ မဟုတ်ဘူး
ကျန့်ကျန့်လာတာ ကိုယ်တော်က ပိုတောင်~
ပျော်.~သေးတယ် "
_ခေါင်လေးငုံကာ လက်လေးနှစ်ဖက်ကို ပွတ်ခြေလို့ ပြောလာသည်။ရှောင်းကျန့်ကလဲ ဒီပုံရိပ်လေးကို မလွတ်တမ်း ငေးကြည့်နေမိတာ ဘာကြောင့်ရယ် မသိ။
တိတ်ဆိတ်သွားတဲ့အခြေအနေမှာ အထိန်းတော်ကြီးရဲ့စကားကြောင့် ပြန်လာ်အသက်ဝင်လာသည်။
"မင်းသား စစ်သူကြီးဆီက ဓားရေးဖြစ်ဖြစ်
လှံရေးဖြစ်ဖြစ် တခုခု သင်ယူပါလား
မင်းသား ကိုယ့်ကိုကိုယ် ကာကွယ်လို့ရတာ့ပေါ့ "
_အစောင့်တစ်ယောက်တစ်လေတောင် မရှိလေတဲ့ ဒီမင်းသားလေးက အန္တရာယ်တခုခုများကြုံလာရင် လွယ်လွယ်နဲ့ အသက်ပေးလိုက်ရရှာမှာ...။ဒါကို စိတ်မကောင်းဖြစ်စွာနဲ့ အထိန်းတော်ကြီးက အခုလို အကြံ
ပြုမိခြင်း ဖြစ်သည်။

ကြွေလွင့်သော ချယ်ရီဖြူ [COMPLETED ]Donde viven las historias. Descúbrelo ahora