4

2.2K 203 15
                                    

ကြွေလွင့်သော ချယ်ရီဖြူ... ၄

စစ်သေနာပတိကြီး ချင် ၏ ဧည့်ဆောင်ထဲတွင် တိုင်းပြည့်ရဲ့
အရေးအရာဝင်သော အမတ်မင်းတစုတို့နှင့် တိတ်တဆိတ်အစည်းအဝေးပြုလုပ်နေပုံရသည်.....

"ဒါဆို တန်ပြည်ထောင်က ပေးတဲ့ လက်ဆောင်ဘဏ္ဋာတွေကို
သူပုန်ဟန်ဆောင်ပြီး ဖြတ်ယူလိုက်ရုံပေါ့"
"အချင့်မချိန် မပြောပါနဲ့ လယ်ယာအမတ်... အဲ့သူပုန်တွေကို
မင်းကြီးက ချက်ချင်း နှိမ်နင်းလို့ အမှန်တွေ ပေါ်ကုန်မှာပေါ့"
"တကယ်တမ်း မစဥ်းစားတာက အမတ်မင်း ကျိုး ဖြစ်နေပြီ
အခု ဆူပူနေတဲ့ မြောက်ပိုင်းက သူပုန်တွေလို့ပဲ ထင်မှာပေါ့
တန်ပြည်ထောင်က သံတမန်တွေကလဲ မြောက်ဘက်လမ်းကပဲ
လာမှလေ.."

"လယ်ယာ အမတ်ပြောတာ မှန်တယ်"
_တချိန်လုံးငြိမ်​နေပြီး စားပွဲ ထိပ်မှာ ထိုင်နေတဲ့ စစ်သူကြီး ချင်က
ထောက်ခံလာသည်...

"ခုနက ညီလာခံမှာ မင်းကြီး မိန့်လိုက်ပုံအရတော့
မြောက်ပိုင်း သူပုန်တွေကို အပြတ်ရှင်းမဲ့ ပုံ မရှိသေးဘူး
အဲ့တော့ မီးစာလေး နဲနဲ ထည့်ပေးလိုက်မယ်"

ချင်စစ်သူကြီးရဲ့ မျက်နှာမှာ မဲ့ပြုံးတချို....

............................................................

"အမ လင်း..မင်းကြီး က သူပုန်တွေကို လျစ်လျူရှုထားနေသေးတယ်နော်."
"ဟုတ်တယ် ​ရှောင်းကျန့်.....ရွာသားတွေကို ပျက်စီးမှုကို
တင်ပြထားတဲ့ စာ ကလဲ မပြည့်မစံဖြစ်နေသေးတယ်"
"အဲ့ဒါကြောင့်များလား"
_အမ လင်း.....သူရဲ့ အလေးစားရဆုံး အမျိုးသမီး စစ်သည်တော်
ဒုတိယ စစ်သူကြီးဆိုတဲ့ ဂုဏ်နဲ့ ထိုက်တန်လွန်းတဲ့ သူတစ်ဦး
အရမ်းကို ကြံခိုင်လွန်းတဲ့ မိန်းမသားပါပေ
အမ လင်း ကို ​ရှောင်းကျန့်က အမအရင်းတယောက်လို ရိုသေလေးစားချစ်ခင်ရတယ်....​ရှောင်းကျန့်ရဲ့ တစ်ဦးတည်းသော
ရင်ဖွင့်ဖော် တိုင်ပင်ဖက် ပေါ့....

သုံးရက်ခန့်ကြာတော်....

မင်းညီလာခံတွင်...
"ဒုန်း!"
_မင်းကြီးက ​ရှေ့မှာ ရှိနေတဲ့ စားပွဲခုံကို ဒေါသနှင့်ထုရိုက်လိုက်သည်

"ဒီမြောက်ပိုင်းသားတွေကို လွှတ်ပေးထားလို့မရဘူးပဲ
ရာရာစစ ငါကိုယ်တော်ရဲ့ ဘဏ္ဋာကို ထိပါးရဲတယ်ပေါ့
တောက်!!"
"ခဖည်းတော် ဒီ ကိစ္စကို သားတော်ကိုလွှဲပြောင်းပေးပါ သားတော် တာဝန်ယူပါ့မယ်"
"အိမ်ရှေ့စံ! ."
"ခမည်းတော် စိတ်မပူပါနဲ့ သားတော်ရဲ့ အရည်အချင်းကို
ချပြခွင့်ပေးပါ..."
"ဒါဆိုလဲ ကောင်းပြီ...မြောက်ပိုင်းက မုချူရွာမှာရှိတဲ့
သူပုန်အားလုံးကို သုတ်သင်ခဲ့... စစ်သူကြီးရှောင်း
အိမ်ရှေ့စံနဲ့ အတူ တိုက်ပွဲကို ဦးဆောင်ပါ"
"အမိန့်အတိုင်းပါ မင်းကြီး"
.
.
.

ကြွေလွင့်သော ချယ်ရီဖြူ [COMPLETED ]Where stories live. Discover now