(1)ငါ မင်းကို သတိရနေ​ဆဲပဲ

1.2K 153 0
                                    


မင်းနဲ့ ပထမဆုံးတွေ့တဲ့နေ့ကို ငါမှတ်မိနေတုန်းပဲ...

နေရောင်အောက်မှာ ကြည့်ကောင်းတဲ့မင်းဟာ ငါမျက်နှာမလွဲလျက်နိုင်တဲ့အထိပဲ...

ငါရဲ့ခံစားချက်တွေက မင်းမှမင်းဖြစ်လာတဲ့အထိ ငါသတိမထားမိနိုင်အောင်...
မင်းအပေါ် ငါပျော်ဝင်ခဲ့မိတယ်၊

မင်းက ထိုချိန်ထဲက ငါ့အတွက် အရေးပါဆုံး လူတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ငါမထင်ခဲ့တာ အမှန်ပဲ

ဘယ်နေရာသွားသွား၊ဘယ်ချိန်ရောက်ရောက်...ငါရဲ့အချိန်နာရီတိုင်း၊စက္ကန့်တိုင်းကို မင်းဟာ နေရာယူနေထားတတ်တယ်...။

ငါအဲ့လောက်ထိ မင်းအပေါ်ပျော်ဝင်နေခဲ့တာကြောင့် မင်းရဲ့ပုံရိပ် ငါ့မျက်ဝန်းထဲကနေ ထွက်မသွားအောင် ငါအမြဲစိုက်ကြည့်ခဲ့ဖူးတယ်...ပြီးတော့...

အခုထိလည်း ငါမင်းကို သတိရနေဆဲပဲ။

------------








------------

စိတ်ကူးပေါက်ရာ စာတိုများ(စိတ္ကူးေပါက္ရာ စာတိုမ်ား)Where stories live. Discover now