12.လိမ်ညာမှု

152 36 0
                                    

လူတိုင်းက မလိမ်ညာချင်ရင်တောင် ​
နေ့တိုင်း လိမ်ညာမှုနဲ့ပတ်သတ်နေရတယ်၊

ဟော...အခုလည်း ကြည့်၊
ခင်ဗျားဖုန်းဆက်လာတော့  ...

"အပါ ကိုယ့်ကို ခဏပဲ စောင့်နေပါ...သည်းခံပေးပါနော်" ပြောလာတော့ ကျွန်တော် ခပ်ရေးရေးလေး ပြုံးလိုက်ပြီး ပြောလိုက်တယ်

"ခင်​ဗျားကို ကျွန်တော်အမြဲစောင့်နေမှာပါ" လို့ပေါ့၊

ကျွန်တော် လိမ်ညာမိလိုက်တာ ကျွန်တော်သိတယ်၊

ခင်ဗျားသိလား၊ ကျွန်တော် အရမ်းနာကျင်နေပြီ၊

ကျွန်တော့်နှလုံးသားတစ်ခုလုံး စုတ်ပြတ်သတ်နေပြီဗျ

ကျွန်တော် ဆက်မစောင့်ချင်ဘူး...၊
ကျွန်တော် လက်လျော့လိုက်ချင်ပြီ၊

ရေရာမှုမရှိတဲ့အနာဂတ်ကြီးကြောင့်၊ဒါပေမယ့်...

ခင်ဗျားရယ်... ကျွန်တော် အရမ်းချစ်တာပဲဗျာ၊နှလုံးသားလယ်က မျှော်လင့်ချက်လေးက အခုထိ မီးမငြိမ်းသေးဘူး။

#ဒီပါခေတ်
-------------------

လူတိုင္းက မလိမ္ညာခ်င္ရင္ေတာင္ ​
ေန႕တိုင္း လိမ္ညာမႈနဲ႕ပတ္သတ္ေနရတယ္၊

ေဟာ...အခုလည္း ၾကည့္၊
ခင္ဗ်ားဖုန္းဆက္လာေတာ့  ...

"အပါ ကိုယ့္ကို ခဏပဲ ေစာင့္ေနပါ...သည္းခံေပးပါေနာ္" ေျပာလာေတာ့ ကြၽန္ေတာ္ ခပ္ေရးေရးေလး ၿပဳံးလိုက္ၿပီး ေျပာလိုက္တယ္

"ခင္​ဗ်ားကို ကြၽန္ေတာ္အၿမဲေစာင့္ေနမွာပါ" လို႔ေပါ့၊

ကြၽန္ေတာ္ လိမ္ညာမိလိုက္တာ ကြၽန္ေတာ္သိတယ္၊

ခင္ဗ်ားသိလား၊ ကြၽန္ေတာ္ အရမ္းနာက်င္ေနၿပီ၊

ကြၽန္ေတာ့္ႏွလုံးသားတစ္ခုလုံး စုတ္ျပတ္သတ္ေနၿပီဗ်

ကြၽန္ေတာ္ ဆက္မေစာင့္ခ်င္ဘူး...၊
ကြၽန္ေတာ္ လက္ေလ်ာ့လိုက္ခ်င္ၿပီ၊

ေရရာမႈမရွိတဲ့အနာဂတ္ႀကီးေၾကာင့္၊ဒါေပမယ့္...

ခင္ဗ်ားရယ္... ကြၽန္ေတာ္ အရမ္းခ်စ္တာပဲဗ်ာ၊ႏွလုံးသားလယ္က ေမွ်ာ္လင့္ခ်က္ေလးက အခုထိ မီးမၿငိမ္းေသးဘူး။

#ဒီပါေခတ္
-------------------

စိတ်ကူးပေါက်ရာ စာတိုများ(စိတ္ကူးေပါက္ရာ စာတိုမ်ား)Where stories live. Discover now