8. A man who loves roses

168 44 0
                                    

ယောကျာ်းတစ်ယာက်က ပန်းတွေကို ချစ်ခဲ့တယ်...ထူးထူးခြားခြား နီရဲရဲနှင်းဆီတွေကို သူနှစ်သက်တယ်...၊

သွေးလိုရဲနေတဲ့နှင်းဆီနီကို စူးချွန်ချွန်များ ဝန်းရံထားသည့် အရိုးတံကနေ ဆုပ်ကိုင်ရတာ ထိုယောကျာ်းကြိုက်နှစ်သက်ခဲ့တယ်၊

နီရဲတောက်ပနေသည့်နှင်းဆီနီကိုလည်း ဖျစ်ညှစ် ချေမွရသည်ကို ထိုယောကျာ်းနှစ်သက်တယ်...၊

နှင်းဆီကို ချစ်သောယောကျာ်း...၊

နှင်းဆီနီက ပေးသည့်နာကျင်မှုကို ကြိုက်နှစ်သက်သော ယောကျာ်း...၊

မြေခသွားသည့် နှင်းဆီပွင့်ဖက်တွေကို နင်းခြေရသည်ကို ကြိုက်နှစ်သက်သည့်ယောကျာ်း၊

နှင်းဆီနီများကို တမူထူးအောင် ထိုယောကျာ်းချစ်သည်။








စိတ်ကူးပေါက်ရာ စာတိုများ(စိတ္ကူးေပါက္ရာ စာတိုမ်ား)Where stories live. Discover now