9.ဖူးစာမှားခဲ့တာလား..

185 40 2
                                    

ထားခဲ့ပါ...လို့လည်း မပြောချင်ခဲ့

ထွက်မသွားပါနဲ့လို့လည်း... မတားနိုင်...

ချစ်မိခဲ့မှတော့ မင်းရဲ့လွတ်လပ်မှုကို ဘယ်လိုလုပ်ချုပ်နှောင်ထားရက်တော့မှာလဲ...?

ဝေဝေဆာဆာပန်းခင်းကြီးကလည်း...
   ဂရုစိုက်မဲ့သူမရှိ ဖျက်ဆီးနေခဲ့ပြီ၊

ဒဏ်ရာဒဏ်ချက်တွေနဲ့ဒီနှလုံးသားငယ်ဟာလည်း...
       နောက်ထပ်နာကျင်ဖို့ အားအင်လည်းမရှိနိုင်တော့...

ထားရစ်သူ၊ရက်စက်သူကို.... အပြုံးမပျက်
     စောင့်ကြည့်ရုံသာ တတ်နိုင်တော့တယ်...၊

အချစ် မှားခဲ့တာလား...
     ဖူးစာမမှန်ခဲ့တာလား...
         အချစ်ရေးကံခေတဲ့ ကိုယ့်ကြောင့်ပဲလား...။

ဘာကို အပြစ်တင်ရမလဲမသိ...
   အေးစက်စက်မိုးရေတွေတောင် 
      ဒီငပိန်းကို ရှောင်ကြည်နေခဲ့ပြီ...။

ဖြစ်နိုင်ရင်... ဘဝကို အသစ်တဖန်သာ ပြန်စလိုက်ချင်တယ်....

မင်း မရှိတဲ့ တိုက်ခန်း....
  မင်း မသွားတဲ့ အရပ်ဒေသ...

တစ်ခါမှ မမြင်ဖူးခဲ့တဲ့ ဖုန်းနံပါတ်စိမ်းနဲ့...

အရာအားလုံး ပြန်အစပြုချင်ခဲ့တဲ့ဆန္ဒတော့ ဖြစ်ပေါ်မိပေမယ့် ဒီနှလုံးသားငယ်က...

မင်းရှိရာ အရပ်မှာ တည်မြဲနေခဲ့ပြီ။

*Neko-san(Daddy)*

ထားခဲ့ပါ...လို႔လည္း မေျပာခ်င္ခဲ့

ထြက္မသြားပါနဲ႕လို႔လည္း... မတားနိုင္...

ခ်စ္မိခဲ့မွေတာ့ မင္းရဲ႕လြတ္လပ္မႈကို ဘယ္လိုလုပ္ခ်ဳပ္ႏွောင္ထားရက္ေတာ့မွာလဲ...?

ေဝေဝဆာဆာပန္းခင္းႀကီးကလည္း...
   ဂ႐ုစိုက္မဲ့သူမရွိ ဖ်က္ဆီးေနခဲ့ၿပီ၊

ဒဏ္ရာဒဏ္ခ်က္ေတြနဲ႕ဒီႏွလုံးသားငယ္ဟာလည္း...
       ေနာက္ထပ္နာက်င္ဖို႔ အားအင္လည္းမရွိနိုင္ေတာ့...

ထားရစ္သူ၊ရက္စက္သူကို.... အၿပဳံးမပ်က္
     ေစာင့္ၾကည့္႐ုံသာ တတ္နိုင္ေတာ့တယ္...၊

အခ်စ္ မွားခဲ့တာလား...
     ဖူးစာမမွန္ခဲ့တာလား...
         အခ်စ္ေရးကံေခတဲ့ ကိုယ့္ေၾကာင့္ပဲလား...။

ဘာကို အျပစ္တင္ရမလဲမသိ...
   ေအးစက္စက္မိုးေရေတြေတာင္ 
      ဒီငပိန္းကို ေရွာင္ၾကည္ေနခဲ့ၿပီ...။

ျဖစ္နိုင္ရင္... ဘဝကို အသစ္တဖန္သာ ျပန္စလိုက္ခ်င္တယ္....

မင္း မရွိတဲ့ တိုက္ခန္း....
  မင္း မသြားတဲ့ အရပ္ေဒသ...

တစ္ခါမွ မျမင္ဖူးခဲ့တဲ့ ဖုန္းနံပါတ္စိမ္းနဲ႕...

အရာအားလုံး ျပန္အစျပဳခ်င္ခဲ့တဲ့ဆႏၵေတာ့ ျဖစ္ေပၚမိေပမယ့္ ဒီႏွလုံးသားငယ္က...

မင္းရွိရာ အရပ္မွာ တည္ၿမဲေနခဲ့ၿပီ။

*Neko-san(Daddy)*

စိတ်ကူးပေါက်ရာ စာတိုများ(စိတ္ကူးေပါက္ရာ စာတိုမ်ား)Where stories live. Discover now