CHAPTER 47 - I like you so much

9.8K 1.7K 143
                                    

Unicode

ရှန်းလီခေါင်းညိမ့်ပြလိုက်ပီး ကုရှင်ချွမ်းကိုလှည့်ကြည့်လိုက်တယ်။ ကုရှင်ချွမ်းကသူ့ကိုလှောင်တော့မှာများလားလို့တွေးမိပီး သူရှက်ရွံ့စွာ​ပြောလိုက်တယ် "ငါငယ်ငယ်လေးကတည်းကအမြဲတမ်းစက်ဘီးစီးတတ်ချင်တာ ဒါပေမဲ့အကြိမ်အနည်းငယ်လောက်သင်ခဲ့ပေမဲ့မတတ်ဘူး..."

ကုရှင်ချွမ်း​က​သူ့ရဲ့ခေါင်းကိုတစ်ခုခုနဲ့ထုရိုက်ခံရသလိုခံစားလိုက်ရပီး ရှန်းလီကိုမြဲမြဲမြံမြံကြည့်ရင်း ခနလောက်စကားမပြောနိုင်ဖြစ်နေတယ်။

သူ့ရဲ့စိတ်တွေကို ပထမဆုံးအကြိမ် 'ရှန်းလီ' ဆိုတာကိုမြင်ခဲ့တဲ့အချိန်ဆီကိုရောက်သွားတယ်။

အဲ့ဒီအချိန်တုန်းကသူကဆယ့်ငါးနှစ်ပြည့်ပီးရုံပဲရှိသေးတယ်။ ကုရှောက်ယွမ်ကသူ့ကို Manhattan UES မှာရှိနေတဲ့စံအိမ်ကြီးကနေ Imperial Capital ကဝင်းခြံလေးဆီကိုပစ်ထုတ်လိုက်တယ်။ သူက သားသမီးတို့ရဲ့တာဝန်ကျေပွန်မှုကိုအကြောင်းပြလို့ အလုပ်များတဲ့ကုရှောက်ယွမ်နေရာမှာအစားဝင်ပီး သူ့ရဲ့ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်နေတဲ့အဖိုးကိုကျန်ရှိနေတဲ့ဘဝလေးအတွက် အဖော်ပြုပေးခဲ့ရတယ်။

ကုရှင်ချွမ်းမွေးလာတဲ့အချိန်ကစလို့ သူကသူ့အဖိုးကိုတစ်နှစ်လုံးမှာ တရုတ်နှစ်သစ်ကူးရက်မှာ​ပဲ တွေ့ဖူးတယ်။ သူကသာမန်အချိန်တွေမှာ စကားအများကြီးမပြောနိုင်တော့ သူဘယ်လိုခံစားရလဲဆိုတာသူတစ်ယောက်ပဲသိတယ်။ သူ့အဖိုးအိမ်ကနေသူထွက်လာပီး ကားနောက်ထိုင်ခုံမှာ နုံးချိစွာမှီနေလိုက်တယ်။ ပီးတော့သူကကားပြတင်းကနေတဆင့် Imperial Capital ရဲ့ရှုပ်ထွေးတဲ့လမ်းတွေကိုကြည့်နေခဲ့တယ်။

ကွန်ပျူတာမရှိ ဂိမ်းစက်မရှိ အတူတူကစားဖို့အဖော်မရှိတဲ့ဘဝက ဆယ့်ငါးနှစ်အရွယ်ကုရှင်ချွမ်းအတွက်တော့ ငရဲအတိုင်းပဲ။ အဲ့ဒီအချိန်တွေကသူ့ဘဝမှာအဆိုးဆုံးအချိန်တွေဖြစ်တယ်။

သူ့ရဲ့စိတ်အ​ခြေအနေကမည်းမှောင်နေပီး အရမ်းအရမ်းကိုစိတ်ဓာတ်ကျနေတယ်။ ကမ္ဘာကြီးတစ်ခုလုံးမှာနေရောင်ခြည်ဆိုတာတောင်မရှိတော့ဘူးလို့ သူခံစားနေရတယ်။ အဲ့ဒီအချိန်မှာ အလင်းရောင်ကိုအငှားသယ်ဆောင်လာပေးတဲ့ စက်ဘီးလေးတစ်စီးက သူ့မျက်လုံးရှေ့ရောက်လာတယ်။ လေတွေကကောင်လေးရဲ့အဖြူရောင်ရှပ်အင်္ကျီလေးကိုဖြတ်တိုက်ပီး အင်္ကျီအောက်နားစလေးကပင့်တက်သွားကာ ခါးသွယ်သွယ်လေးကတစ်ဝက်တစ်ပျက်ပေါ်လာတယ်။ ပေါ်လာတဲ့ခါးလေးက နေရောင်အောက်မှာရွှေရောင်အလွှာလေးတစ်ခုဖုံးလွှမ်းထားပီး တလက်လက်တောက်ပနေသလိုဖြစ်နေတယ်။ သူဖြတ်သွားတဲ့အချိန်မှာ ဆယ်ကျော်သက်အရွယ်ကောင်လေးရဲ့အရိပ်လေးကကားမှန်ပေါ်မှာ လှုပ်ယမ်း​သွားပီး ရိပ်ခနဲလွင့်မျောသွားတဲ့ လှပတဲ့အလင်းတန်းလေးလိုပဲ။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now