2_Dreaming about him

1.5K 68 3
                                    


အပြာရောင်တိမ်လွှာတို့က ကောင်းကင်တွင် လှပ်ပြေးလို့နေလေသည်။ အလင်းရောင်ဖျော့ဖျော့တို့နှင့်အတူ ကောင်းကင်ကြီးကိုငေးမောကြည့်နေသည့် အခါ့မျက်လုံးတို့က တောက်နေသည်။ ပြုံးရွှင်စွာကြည့်နေသည့် အခါ့မျက်ဝန်းတွေအား စိုက်ကြည့်နေသည့် သူ့ကိုတော့ အရှက်ကြီးစွာ ကျောပေးထားသည်။

""လက်ကိုင်ကြရအောင်""

စွဲလမ်းနေမိသည့် အသံလေးက အခါ့နားထဲတွင် ပဲ့တင်ထပ်လို့နေကာ တိုတိနေသည့်လက်သည်းတွေအား ဆုပ်ကိုင်လို့လာသည်။ အရှည်မထားတတ်သည့်လက်သည်းခွံတို့က ကြည်လင်နေကာ သွေးကြည်ပန်းရောင်တို့ကိုပင်မြင်နေရသည်။ ထိုလက်ချောင်းလေးတွေကို အုပ်မိုးပြီးကိုင်လာသည့် လက်တွေအား အခါ အလွန်သဘောကျလေသည်။

""သဘောကျတယ်""

အဖြူရောင်ရင်ခွင်လေးထဲသို့ နစ်နေအောင် မြုပ်ထားသည့်အခါ့ကိုယ်လေးသည် မြက်ခင်းစိမ်းပေါ်တွင် အကောင်ပေါက်သလေးသဖွယ်ဖြစ်လို့နေသည်။ အုံ့နေသည့်နေရောင်နှင့်အတူ အကွက်စိမ်းအခင်းပြာလေးက အခါ့ခြေထောက်လေးအား မြင်နေရလေသည်။ ထိုပြင်ကပ်ရပ်နေသည့် စတိုင်ဘောင်းဘီအနက်နှင့် အခါ့ခြေထောက်ထက် ရှည်တဲ့ ခြေသလုံးတွေက အခါ့ခြေထောက်လေးတွေအား ဖိဝပ်လို့ထားသည်။

""ခိခိ""

""ဘုန်း!""

မက်မောစွာ မက်နေသည့်အိပ်မက်ကြောင့် သုံးပေလောက်မြင့်သည့်ကုတင်အစွန်းမှပြုတ်ကျလာခဲ့လေသည်။မနေ့ညက လှတယ်လို့ပြောမိတဲ့လက်လေးရယ် တစ်ခါလောက်ပဲ ကြားဖူးတဲ့အသံလေးကိုပဲ အိပ်မက်မက်လာသောကြောင့် နာနေသည့်ခေါင်းကိုပဲ လက်ဖနောင့်ပဲ ပွတ်ရင်း ကုတင်အောက်တွင် ဟန်မပျက်အိပ်နေလိုက်တော့သည်။မြင်တောင်ကောင်းကောင်းမမြင်ဖူးပါဘဲ စွဲလမ်းမိသွားတဲ့ ကိုယ့်ကိုယ်ကို အံ့ဩရင်းနဲ့ ပဲ အခါ မျက်လုံးအားနောက်တစ်ကြိမ်မှိတ်လိုက်သည်။ဒီတစ်ခါတော့ ခေါင်းမှာပေါ်လာသည်က စာရင်းဇယားနဲ့Excelတိုင်တွေကိုသာဖြစ်လေသည်။ပိုက်ဆံအကြောင်းလို့တွေးလိုက်တာနဲ့ မူးချင်သွားသောကြောင့် ခုနကမနာသည့်ခေါင်းသည် ပိုက်ဆံကြောင့်မူးချင်လာပြန်သည်။

Whispering about love-Book 1(ခေတ္တရပ်နား)Where stories live. Discover now