1(Unicode & Zawgyi available)

3K 31 0
                                    

Part 1ကြီးမှား deleteမိတာ back up လုပ်ထားတာတောင်မကျန်တော့ဘူး🤌🏻🥲 အသစ်ပြန်ရေးထားတာမို့ နည်းနည်းလေးလွဲနေရင် အများကြီးခေါထော့ခ😭ကိုယ်ရေးထားတာ ကိုယ်သိပ်မမှတ်မိလို့ ပြန်ရေးရတာလည်းအဆင်မပြေပါ အပိုင်းတွေစီရင်း လက်ကခလုတ်တိုက်ပြီး မှားdelete မိတာ ပြန်ဖတ်ပေးလို့ပြောရတာလည်း အားနာလှပါပြီ ပြာယာခတ်တဲ့ကျွန်တော့်ကိုသာ လာရိုက်ကြပါတော့.....

""ချက်ချင်းရချင်တာ""

""မရဘူး""

ပြက်ကနဲ ပြန်ပြောပုံကြောင့်မျက်မှောင်ကြီးကျုံ့သွားကာ စိတ်ဆိုးမိသည်။အလောတကြီးစေ့စပ်ပွဲအတွက်လိုချင်နေတာကို သဘောမပေါက်တာလား.....

""မနက်အစောမှလာပို့လည်းရပါတယ်အမရယ်""

""မရဘူး ဒါအကုန်ပြောတာပဲ""

""အမကဘယ်လိုကြီးလဲ""

""မင်းဒီနေရာမှာ ငါနဲ့စကားပြောခွင့်ရတာကိုပဲ ကျေးဇူးတင်လိုက်အုန်း ခုလာရာလမ်းအတိုင်းလှည့်ပြန်လိုက်တော့ ""

""တောက် ပိုက်ဆံပေးဝယ်တာကိုကြီးကျယ်နေတာ စျေးသည်ကများ လူပြန်ဟစ်လို့""

ဒေါ်မြရည်လွှာ ဒီထက်ပို စိတ်မရှည်နိုင်တော့ချေ။သူမတို့စိုက်ခင်းထိ လာပြီးလူပါးလာဝနေတာ ခြံထဲထိ သစ်ခွပန်းတွေအကုန်လုံး orderနှင့်နေ့စွဲတွေ အကုန် ယူပြီးသားမို့ အပွင့်သစ်ကိုသာ စောင့်ရမည်။ပွင့်ဖို့ကလည်း အာမမခံနိုင်သောကြောင့် စိတ်ရှည်ရှည်ပြောပေးနေတာ အထက်စီးဆန်ဆန်လာပြောနေသေးသည်။လာဝယ်သည့်သူကလည်း ဟိုတစ်လောကမှ သူမပိုင်သည့် အောင်မြရတနာ အိမ်ခြံမြေတစ်ခွက်ကို စျေးနှိုက်ပြီးကွက်ကျော်ရိုက်သွားသည့်သူ။သူမဘယ်သူဆိုတာမသိသေးသောကြောင့် ထိုကဲ့သို့ မောက်မောက်မာမာ လာပြောနေခြင်း။

""ဒီမှာညီမ သစ်ခွတွေပွင့်ဖို့က အမလည်းရော့အင့်ပွင့်ဟယ်လို့ အုံဖွမလုပ်ပေးနိုင်ဘူး ဘယ်ချိန်ပွင့်ပါ့မယ်လို့လည်း နတ်မျက်စိမရှိဘူး ဟိုဘက်အကျော်က ခြံကိုပဲ သွားမေးကြည့် သွာရဝယ် ညီမ အမတို့ခြံတစ်ခုလုံးလည်း ၃၆၅ပတ်လောက်ပတ်နေတာ အာမရနိုင်တဲ့အပြင်ခြံထဲ လာပြီးအမောက်ထောင်ပြမနေနဲ့ ပိုက်ဆံရှိတယ်မလား အဲ့ပိုက်ဆံပြပြီး ရတဲ့နေရာသွားဝယ်ချေ ဒီကတော့ ကြိုက်သလောက်ပေး မရောင်းပေးနိုင်ဘူး သိက္ခာ ""

Whispering about love-Book 1(ခေတ္တရပ်နား)Where stories live. Discover now