8-I said, ""I like her""

1.3K 54 14
                                    



""ဒီမြီးရှည်ဆိုင်ကိုသိတယ်....""

နာမည်ကြီးအထက်တန်းကျောင်းနားလေးတွင်ရှိသော စျေးတန်းလေးသည် လမ်းဘေးတစ်ဖက်တစ်ချက်ဆီတွင်ရှိနေကြသည်။ မြန်မာမုန့်မျိုးစုံ၊ လက်လုပ်မုန့်များ ဘာဂါဆိုင်၊ အအေးဆိုင်များနှင့် ကိုးရီးယားခေါက်ဆွဲဆိုင်သေးသေးလေးပါရှိသော စျေးဆိုင်တန်းလေးသည် မန်းလေးမြို့တွင်ရှိသော အစားအသောက်သုခဘုံလေးဖြစ်လေသည်။

ပလတ်စတစ်ထိုင်ခုံတစ်ခုစီတွင် မျက်နှာချင်းဆိုင်ထိုင်ရင်း အခါဆုပန်ပြောတော့....

""ကျွန်တော်လုပ်ပေးမယ်""

ဆီလျော့ခိုင်းထားသည့်မြီးရှည်ပန်းကန်များရောက်လာသည်နှင့်အခါဆုပန်၏ရှေ့က ပန်းကန်အားယူကာ မာန်သောရှင်းက တူအားဖောက်၍ နယ်ပေးသည်။ ချပေးလာသည့် ဟင်းရည်ပန်းကန်အားမြည့်စမ်းနေသော အခါဆုပန်မှာ မျက်နှာချင်းဆိုင်လမ်းတစ်ဖက်က သပ်ရပ်စွာထုပ်ပိုးထားသည် ပူတင်းများနှင့်မြန်မာကြိတ်မုန့်အား တစ်ချက်ငေးကြည့်နေလေသည်။

""ကောင်လေး""

""ဗျာ အခါ????""

""ကိုယ်ဟိုဘက်မှာ မုန့်သွားဝယ်အုန်းမယ် စားနှင့်""

ခေါင်းညိတ်ပြတော့ ချက်ချင်း လစ်ကနဲပြေးထွက်သွားသည်။ မုန့်ဘူးတွေအား လက်ညိုးတစ်ထိုးထိုးနှင့် ရွေးချယ်နေသည်မှာ ကလေးမုန့်ရွေးသလိုပင်။ ကြည့်ကောင်းစွာဖြင့် တစ်ချက်ခေါင်းခါရမ်းရင်း မြီးရှည်ဖတ်အား တူဖြင့် ညှပ်ယူလိုက်သည်။ မျောခနဲပါသွားသော ခေါက်ဆွဲဖတ်အား ဝါးမြိုချရင်း သူ မပိုင်သေးသော သက်ရှိအရုပ်လေးအား ငေးကြည့်လေသည်။

""ကောင်လေး!""

မာန်သောရှင်းရှိရာသို့ လက်ယက်ပြကာ ကောင်လေးဟု မကြားတကြားခေါ်သည်။ မြီးရှည်ပန်းကန်အား လက်ပေါ်ကချသည်။ ထို့နောက်သူမရှိရာသို့ လမ်းဖြတ်ကူးလိုက်သည်။ ပထမဆုံးအပြောမှာ ရယ်ချင်စရာကောင်းလောက်သောအမေးဖြစ်လေသည်။

""ကိုယ်ဒါစားချင်လို့""

""အွန်း""

""အဲ့တာ မင်းရောစားချင်လား""

You've reached the end of published parts.

⏰ Last updated: Aug 16, 2022 ⏰

Add this story to your Library to get notified about new parts!

Whispering about love-Book 1(ခေတ္တရပ်နား)Where stories live. Discover now