3_Dining at Bar

1.3K 62 4
                                    

ရေစက်ဆိုတာ သုံးခါတွေ့ရင်ဖူးစာဆုံတယ်တဲ့။ ဖူးစာဆိုတာ အတိတ်ဘဝက ကံအကြောင်းကောင်းမှ တွေ့ဆုံရတာတဲ့။ မင်းနဲ့တွေ့ဆုံခွင့်ရခြင်းက အတိတ်အကြောင်းကောင်းခဲ့ခြင်းလား......မကောင်းခဲ့ခြင်းလား။

""ဒါယူပြီးဝတ်ကြည့်....""

မာန်သောရှင်းမျက်မှနိအားအသာပင့်ရင်း ဘေးနားက အကျီတစ်ထည်အား ဆွဲယူပြီး အခါဆုကန်အားပေးလိုက်သည်။သူလုပ်သမျှအား မငြင်းဆို ပြန်မပြောသည့် ထိုမိန်းကလေးသည် သူ့ထက်ပင်အသက်ကြီးသည်။စိတ်လက်မာန်ပါ အော်မိလိုက်သောကြောင့်စိတ်မကောင်းဖြစ်သွားပေမဲ့ လေသံကိုတော့ တစ်ထစ်ပဲချလိုက်သည်။

""နေပါစေလား စိုမိရုံနဲ့ အဲ့လောက်ထိ လုပ်ပေးစရာမလိုပါဘူး""

ထိုမိန်းကလေး၏အသံမှာ ချိုမြမြလေးနှင့်တိုးညင်းသည်။ချွဲနွဲ့သံလေးပင်မပါဝင်ပါဘဲ နူးညံ့လွန်းလှသောကြောင့် တံတွေးပင်အသာမြိုချမိသည်။မျက်နှာလေးနှင့်သိပ်လိုက်သည့်အသံဖြစ်သောကြောင့် ခပ်ငေးငေးဖြစ်မိသွားသည်။ထိုအငေးမှာ စက္ကန့်ပိုင်းလောက်လေးပင်ဖြစ်ပြီး လက်ညိုးဖြင့်ထိုမိန်းကလေး၏ကျောပြင်အားတွန်းကာ အဝတ်လဲခန်းရှေ့သို့လျှောက်သွားကြသည်။မာန်သောရှင်းမှ ခေါင်းတစ်လံုးသာပြီးနောက်ကနေ ခြေတစ်လှမ်းခွါ၍လိုက်လာသောကြောင့်အခါဆုပန် ၏ ရေမွှေးသံသင်းသင်းလေးအားရနေသည်။Diorတံဆိပ်ဖြစ်ပြီး ထိရုံလောက်သာဆွတ်ထားသောကြောင့်အနံ့မှာမပြင်း။ထို့ပြင်သူသုံးနေသည့်ရနံ့နှင့်ပါ တူနေသောကြောင့်သူတို့နှစ်ဦး၏ ရေမွှေးနံ့သည် ဘယ်သူ့ဆီကပိုများမှန်းမသိချေ။ ရေမွှေးရနံ့ပင်တူနေသောကြောင့် မာန်သောရှင်းနှင့်အခါဆုပန်တို့၏အကြိုက်သည် တိုက်ဆိုင်လှလွန်းသည်။

အခါအဝတ်လဲခန်းလော့အားဂျောက်ကနဲ ချလိုက်ပြီးနောက် တည့်တည့်လှည့်လိုက်သည့်အခါ ကိုယ်လုံးပေါ်မှန်အပြည့်အား မြင်နေရသည်။အဝတ်နှင့်fitဖြစ်မဖြစ်သိစေဖို့ချပေးထားခြင်းဖြစ်ပြီးသံုးပေတောင်မပြည့်သည့် စတုရန်းပုံစံအခန်းထဲမှာ အဝတ်ချိတ်ဖို့ချိတ်တစ်ခုပဲရှိသည်။နောက်ပြီးရှေ့တည့်တည့်ကမှန်ကြောင့် အခါ့ကိုယ်ပေါ်က အနှီကောင်လေး၏အပေါ်ဖုံးအားချွတ်ကာ ရှေ့တွင်ကာထားပြီး ရေစိိုသွားသည့်dressအားချွတ်လိုက်သည်။သူမဝတ်ထားသည့်အတွင်းဝတ်တွေမှာ စိုသွားသော်လည်း လဲဖို့အဆင်မပြေသောကြောင့် ထိုကောင်လေးရွေးပေးထားသည့် dressအား လျိုလိုက်သည်။လက်ရှည်ဖြစ်သောကြောင့် နောက်ဇစ်နှင့်ဖြစ်ကာ လည်ပင်းလေးအပြည့်နှင့်ပုခုံးတွင်တော့ အစဖယ်ထားကာ တံတောင်ဆစ်အထက်မှ လက်ကောက်ဝတ်ထိလျောကျကာ လက်ရှည်သဏ္ဍာန်ယူထားသည်။ဒူးအထက်ဖြစ်သောကြောင့် စက္ကူတွန့်သေးသေးလေးအတွန့်များကြောင့် သေးသွယ်သည့်ခြေသလုံးလေးများနှင့်အဖြူရောင်sneakerသည် ပိုမိုပေါ်လွင်လာသည်။

Whispering about love-Book 1(ခေတ္တရပ်နား)Where stories live. Discover now