4_Wrong time , Right Person

1.2K 59 5
                                    

- ချစ်သူကစကားတစ်ခွန်းပြောခဲ့တယ်.....ချစ်တယ်တဲ့.....နှုတ်ခမ်းကနေပြောခဲ့တာတော့မဟုတ်ခဲ့ပါဘူး နှလုံးသားကနေသင်ပြခဲ့တာ....ဒါသူသင်ပေးတဲ့ နှလုံးသားဘာသာစကားပဲ....တိုးတိုးတိတ်တိတ် တမ်းတနေတဲ့ကိုယ်ငွေ့လေးက အမြဲ ရင်ခုန်စိတ်ကူးယဥ်ခဲ့တဲ့ အိပ်မက်တစ်ခုလိုပဲ -

ပြာလဲ့လဲ့ကောင်းကင်အောက်မှ အပြာရောင်တိုက်ပုလေးသည် တိတ်ဆိတ်သော ရပ်ကွက်လေးထဲတွင်တည်ရှိသည်။ကျောင်းနှင့်နီးသောကြောင့် နေဖြစ်နေသည်မှာ နှစ်နှင့်ချီပြီဖြစ်သည်။အဘိုးနှင့်အဘွားတို့နှင့်အတူနေတတ်သူမို့ အကျင့်ပါကာ ထိုအိမ်လေးမှ မာန်သောရှင်းထပ်မပြောင်းဖြစ်ချေ။တစ်ပြိုင်နက်တည်းဆုံးသွားကြသည်မှာနှစ်အနည်းငယ်ပင်ရှိနေပြီ။အဘိုးကိုယ်တိုင်ကအမွေအဖြစ်ထားရစ်ခဲ့သည်မို့ မာန်သောရှင်းပန်းမာန်စံအိမ်သို့မပြန်တော့ဘဲ ဒီတွင်သာနေသည်။အကြောင်းရင်းတစ်ချို့ကြောင့်သီးသန့်နေတတ်သည့်အကျင့်သည်ခုချိန်ထိမပျောက်သေးချေ။

လူတစ်ရပ်စာပင်မရှိခါးတစ်လောက်သာရှိသောခြံတခါးသည် အနက်ရောင်ဆေးသုတ်ထားပြီး ပန်းလိမ်များကိုတော့ ရွှေရောင်ဆေးဆိုးထားသည်။ လွယ်အိတ်ထဲမှ အသဲပုံနှင့်မိုးပြာရောင်သော့တွဲလေးမှ သော့အိမ်ထဲသို့ စိုက်ထိုးလိုက်တော့ ပွင့်ကျလာ၏။အိမ်နှင့်ခြံဝန်းမှအတော်လေးလှမ်းသောကြောင့်ထိုတစ်လျှောက်လုံးတွင် မာန်သောရှင်း မြက်ခင်းစိုစိုအားစိုက်ထားသည်။မိုးလင်းတိုင်းရေလောင်းထားသောကြောင့် စိုအိနေကာ စိမ်းနေသည်။ထိုမြက်ခင်းပေါ်သို့ မာန်သောရှင်း၏ favorite white sneaker မှာ တအိအိလျှောက်လှမ်းသွားပြီးလှေကားတစ်ထပ်နှင့် အိမ်ရှေ့တံခါးသို့ရောက်လာသည်။သော့တံထိုးဖို့ပြင်လိုက်ချိန်မှာပင်ပွင့်ဟနေသော တံခါးကြောင့်သော့တံအား လက်ချောင်းများဖြင့်ဆုပ်ချေလိုက်ပါသည်။ ပုံမှန်ဖြစ်နေသော စိတ်အခြေအနေမှာ အမေရောက်နေတယ်ဆိုတဲ့အသိစိတ်ကြောင့် ဒေါသစိတ်တို့က အလိုလိုဝင်ရောက်လာပါသည်။ရင်ဆိုင်နေကျ အရာဖြစ်ပေမဲ့ ထိုအရာတွေ ထိုပုံသေနည်းတွေကို မာန်သောရှင်းလုံးဝသဘောမကျချေ။

Whispering about love-Book 1(ခေတ္တရပ်နား)Where stories live. Discover now