CHAPTER 48 - This is too fast

10K 1.7K 99
                                    

Unicode

စုန့်ရီခန္တာကိုယ်ကတောင့်တင်းသွားပီး အနောက်ကိုတစ်လက်မလောက်ယို့ပီး နှစ်ယောက်ကြားကအကွာအဝေးကိုအနည်းငယ်​ခြားလိုက်တယ် "ဒါကအရမ်းမြန်လွန်းတယ်"

လက်ထပ်ဖို့ရည်ရွယ်မှုမရှိတဲ့ချစ်ခြင်းတရားဟာတေလေဂျပိုးဆန်တဲ့ဆိုပီး ရှေးလူကြီးတစ်ဦး​ကပြောဖူးပေမဲ့ တလေဂျပိုးဖြစ်တာက​လဲကောင်းပါတယ်လို့စုန့်ရီယုံကြည့်တယ်။

သူကကုရှင်ချွမ်းနဲ့အရမ်းသဘောထားကွဲလွဲတယ်လို့စုန့်ရီခံစားရတယ်။ တစ်ဖက်မှာလဲ ကုရှင်ချွမ်းနဲ့အတူရှိနေရတဲ့ သစ်လွင်လန်းဆန်းမှုကိုသူသဘောကျတယ်။ နောက်တစ်ဖက်မှာလဲ သူတို့ရဲ့ဆက်ဆံရေးတဖြည်းဖြည်းတိုးတက်လာမှာကို မသိစိတ်တစ်ပိုင်းတစ်စကခုခံချင်နေတယ်။

"မြန်တာ?" ကုရှင်ချွမ်းကမျက်တောင်လေးခတ်ပီး သူ့ခါးကအသားအိအိလေးကိုဖျစ်လိုက်တယ် "မင်းကိုအိမ်ကိုခေါ်သွားတာကမိဘတွေနဲ့တွေ့ပေးမလို့လေ လက်ထပ်ဖို့ငါ့ဘက်ကမင်းကိုတွန်းအားမပေးချင်ဘူး"

စုန့်ရီသူ့ရဲ့အသက်ရှူနှုန်းတွေကိုထိန်းညှိလိုက်တယ်။ ရေချိုခန်းထဲကလေထုကပူလောင်ပြင်းပြနေပီး ကုရှင်ချွမ်းကနောက်တစ်ခါသူ့နားထပ်ကပ်လာပြန်တယ်။ သူနှာဝမှာ ကုရှင်ချွမ်းရဲ့အနည်းငန်ငံမြမြရှိတဲ့ချွေးနံ့နဲ့ပြည့်နေတယ်။ အနည်းငယ်လှုပ်ခါနေတဲ့လိုအင်ဆန္ဒတွေ မျှော်လင့်မှုတွေက သူ့ကိုအရမ်းမသက်မသာဖြစ်စေတယ်။ သူ့မျက်လုံး​ထဲကအလင်းရောင်ကမှေးမှိန်သွားပီး ညင်ညင်သာသာပြောလိုက်တယ် "ငါတို့ရဲ့ဒီအခြေအနေကသိပ်မသင့်တော်ဘူးလို့ငါထင်တယ် တကယ်လို့ငါတို့ကတစ်လအတွင်းမှာပြတ်သွားခဲ့ရင် မင်းမိဘတွေကိုဘယ်လိုရှင်းပြပါ့မလဲ?"

ကုရှင်ချွမ်းကမျက်လုံးတွေကိုမှေး​ကျဥ်းလိုက်ပီး မပျော်မရွှင်မေးလိုက်တယ် "မင်းကငါနဲ့ပြတ်ဖို့စောင့်နေတာလား?"

"မဟုတ်ပါဘူး ငါတို့ရဲ့အခုအ​ခြေအနေကသိပ်ပီးမတည်ငြိမ်သေးလို့ အာ့ကြောင့်မို့...."

စုန့်ရီတစ်ဝက်တစ်ပြက်ပဲပြောရသေးတယ်။ ကုရှင်ချွမ်းကစုန့်ရီကိုလက်တစ်ဖက်နဲ့တွန်းထားပီး နောက်လက်တစ်ဖက်နဲ့သူ့အဝတ်အစားတွေကိုကြမ်းကြမ်းတမ်းတမ်းဆွဲနေတယ်။ သူကအံကြိတ်ပီးပြောလိုက်တယ် "မပြောနဲ့တော့ ငါ့ဘက်ကသတ်မှတ်ချက်နံပါတ်သုံးအရ မင်းအရမ်းအတွေးမလွန်ရဘူး"

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now