𝗗𝗘𝗦𝗧𝗜𝗡𝗬

881 87 2
                                    

Unicode

မနေ့က ဆိုးလ်မှာပထမဆုံးနှင်းကျပြီး ဒီနေ့နည်းနည်းအချမ်းဓာတ်ဝင်နေတာမို့ အဖိုးကြီးအိုဦးထုပ်လို့နောက်ပြောင်ခေါ်ကြတဲ့ သိုးမွှေးဦးထုပ်ခဲရောင်လေးကို နားရွက်တွေပါလုံအောင် ကျွန်တော် သေချာလေးဆောင်းထားလိုက်သည်။

"လူနာ ဒီနေ့အစောကြီးထနေပါလား''

ဆေးလာသွင်းပေးနေကျ သူနာပြုအစ်မကြီးက ပြတင်းပေါက်ကို ငေးကြည့်နေတဲ့ ကျွန်တော့်ကို လာစ,နေတဲ့အတွက် ကျွန်တော်ရယ်ပြလိုက်ရင်း ဆေးသွင်းလို့ရအောင် ကုတင်ပေါ်အသာလေးလှဲလိုက်ပါရဲ့။

ကျွန်တော်ဒီနေ့စိတ်အခြေအနေကောင်းနေတယ်ပေါ့။

"ဒီနေ့ အပြင်ထွက်လို့ရလားဟင်''

ကျွန်တော့်မေးခွန်းအဆုံးမှာ အသစ်လဲလိုက်တဲ့ဆေးပုလင်းကဆေးတွေလည်း ခန္ဓာကိုယ်ထဲစတင်ဝင်ရောက်သွားပြီ။

"Round လှည့်မယ့်အချိန် သိတယ်မလား''

ထိုအစ်မကြီးအမေးကို ခေါင်းနှစ်ချက်အသာညိမ့်လို့ဖြေမိတော့ ကျွန်တော့်ကိုပြုံးပြကာ ထပ်ဆိုလာသည်။

"အဲအချိန်ရောက်ကာနီးမှ ပြန်တက်ခဲ့လို့ရတယ်
နွေးနွေးထွေးထွေးလေးတော့ ဝတ်သွားပေါ့''

"အိုး...တကယ်ပဲ...''

ကျွန်တော့်မှာပျော်လိုက်တာများ...။

အရင်ရက်တွေကလည်း အသည်းအသန်ပြန်ဖြစ်တာကြောင့် ဆေးရုံဝင်းထဲခဏလမ်းလျှောက်ဖို့အသာထား လှုပ်ပင်မလှုပ်နိုင်ဖြစ်ခဲ့တာမလား။

ဆေးသွင်းပြီး သူနာပြုအစ်မကြီးအပြင်ပြန်ထွက်သွားတော့ အခန်းထဲကမှန်ရှေ့ ချက်ချင်း သွားရပ်မိသည်။

လမ်းလေးတစ်ခါထွက်လျှောက်ဖို့ကို အိမ်ထောင်ဘက်သွားတွေ့မယ့် ဦးလေးကြီးလို ပဲများနေမိတာမို့ ကျွန်တော့်ကိုယ်စောင့်နတ်က အော်ရယ်နေမလားပင်မသိပါ။

ဖောင်းပြည့်ပြည့်ပါးတွေကို မတရားသဘောကျခဲ့ရတဲ့ကျွန်တော်က အခုလိုပိန်ကျသွားတော့လည်း စိတ်မကောင်းဖြစ်ရသည်။
ကျွန်တော်ပြုံးကြည့်လိုက်မိတော့ ဘယ်ဘက်ပါးပေါ်က ကျွန်တော့်မူပိုင်ပါးချိုင့်ကတော့ အားတင်းကာပေါ်လာတာမို့ တော်ပါသေးသည်။

MELANCHOLY (Completed)Where stories live. Discover now