Unicode
"ဘတ်ဟျွန်းအတွက်!''
ဘတ်ဟျွန်းဆင်းမလာခင် ကြိုဝယ်ထားတဲ့ငါးပေါင်မုန့်ပူပူလေးကို ဘတ်ဟျွန်းကိုပေးမိတော့ ပြန်ရလိုက်တာက အပြုံးချိုမြမြလေးတွေဖြစ်သည်။
ကိုက်ခဲနေတဲ့ခန္ဓာကိုယ်ကို အရေးမစိုက်နိုင်တော့အောင်ပဲ ဘတ်ဟျွန်းအပြုံးလေးက စိတ်အာရုံတွေကိုယူဆောင်သွားပါ၏။
ကျွန်တော့်မှာ နားရွက်တွေပါပူထူလာရသည်။
"ဒါကတော့ ချန်းယောလ်အတွက်''
လည်ပင်းပေါ်က နွေးထွေးလွန်းတဲ့အထိအတွေ့ကတော့ ဘတ်ဟျွန်းပတ်ပေးလာတဲ့ မာဖလာထူထူကြောင့်ပဲဖြစ်ပါရဲ့။
"ကျွန်တော်တစ်နေ့နည်းနည်း ထိုးထားတာလေး''
ပတ်ချန်းယောလ်ဆိုတဲ့ကျွန်တော်လေ....
အခုအသက်ရှူဖြစ်နေရဲ့လားပင်မသိတော့ရိုးအမှန်ပါ။ဘတ်ဟျွန်းက ကျွန်တော့်ကို မာဖလာလေးလက်ဆောင်ပေးခဲ့တာပင်။
ဆေးရုံကြီးသုံးခုလုံးကြားအောင် အော်ချပစ်လိုက်ချင်တာမှတအား..။ကျွန်တော်ရူးတော့မယ်ထင်၏။
...
...
...
တစ်နေ့ထက်တစ်နေ့ ပိန်ကျလာတဲ့ ကျွန်တော်တို့နှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဘယ်သူပိုဝ,လဲ ပြိုင်ကြပါသေးသည်။
ရောဂါလက္ခဏာမပြခင်က ကျွန်တော့်မျက်နှာက ဖောင်းတဲ့ဘက်သွားတာမို့ အခုချိန်ဘတ်ဟျွန်းထက်နည်းနည်းလေး ဖောင်းနေတာဖြစ်သည်။
"ကျွန်တော်ဝိတ်ချရတော့မလား''
"ဝက်ပုတ်ကလေးချန်းယောလ်ပေါ့''
"အိုမားရား ကျွန်တော်ကိုဝက်တဲ့...''
"ဝက်မဟုတ်ပါဘူးနော် ဝက်ပုတ်ကလေးပါ ဟား ဟား ဟား''
ကျွန်တော်တို့ရယ်နေတာကိုကြည့်၍ ဘေးကအဖိုးတစ်ယောက်က ပြုံးပြုံးကြီးလုပ်နေတော့တာပင်။
ကျွန်တော်တို့ကလိုက်ဖက်တယ်မလား
ကျွန်တော်တို့က ကြည်နူးဖို့ကောင်းတယ်မလား
ကျွန်တော်တို့က ဝိညာဉ်ဘက်တွေနဲ့တူတယ်မလား
ကျွန်တော်တို့က ဒီလို ကြာကြာလေး နေရဦးမှာမလား
YOU ARE READING
MELANCHOLY (Completed)
FanfictionMELANCHOLY 𝗧𝗛𝗘 𝗛𝗔𝗣𝗣𝗜𝗡𝗘𝗦𝗦 𝗢𝗙 𝗕𝗘𝗜𝗡𝗚 𝗦𝗔𝗗. ______________ Nobody knows what will happen after this...!